မတ် ၄ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/တန်းပျင်ကျေးရွာ မိန်းကလေးငယ်တစ်ဦးကို တပ်ကြပ်ကြီးကျော်မျိုးနိုင်၊ ဒုတပ် ကြပ်သူရနိုင်၊ တပ်သားချစ်လွန်း၊ တပ်သား မျိုးအောင်နှင့် တပ်သားကိုကိုအောင် စုစုပေါင်း စစ်သား ၅ ဦးတို့က အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း တပ်သားကိုကိုအောင်က ဝန်ခံ ပြောဆိုလိုက်သည်။ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ၊ ခမရ ၂၀၅ တပ်ရင်းမှ စစ်သား ၅ ဦးက မင်းပြားမြို့နယ်၊ င/တန် ပျင်းကျေးရွာသူ သားအမိနှစ်ယောက်အနက်မှ သမီးဖြစ်သူကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါသားအမိနှစ်ယောက်စလုံးကို ရက်ရက်စက်စက်သတ် ဖြတ်ခဲ့ကြောင်း တပ်သားကိုကိုအောင်က AA ၏ ဖမ်းဆီးခံရမှုအတွင်း ဝန်ခံထွက်ဆိုသည်။ "အန်တီကြီးကို သေနတ်နဲ့ပစ်သတ်တယ်။ နောက်ပြီးတော့မှ ကောင်မလေးကို ဟိုဘက်အခြမ်းကို ခေါ်သွားပါတယ်။ တပ်ကြပ်ကြီးကျော်မျိုးဦးစပြီး မုဒိမ်းကျင့်ပါတယ်။ နောက်ပြီးတော့ ဒုတပ်ကြပ် သူရနိုင် ဆက်လုပ်ပါတယ်။ ရဲဘော်ချစ်လွန်း ဆက်လုပ်ပါတယ်။ ရဲဘော်ကိုမျိုးအောင် ဆက်လုပ်ပါတယ်။ တပည့်ကိုကို အောင် ဆက်လုပ်ပါတယ်။ လုပ်ပြီးတော့ ကောင်မလေးကို ရင်ဘတ်ကို တစ်ချက်ပစ်ပါတယ်။ ပစ်ပြီးတော့ ဆရာသူရနိုင်ကနေပြီးတော့ ၆ လက်မဓားနဲ့ လည်တစ်ချက်လှီးပြီးတော့ ထားခဲ့ပါတယ်" ဟု တပ်သားကိုကိုအောင်က ဝန်ခံ ထွက်ဆိုသည်။ Revolut Burma 162K subscribers