စစ်ကောင်စီလက်ချက်ကြောင့် အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ပြည်သူလူထုနေအိမ် ၈၃,၀၀၀ကျော် မီးရှို့ခံရ

Video By:  Mizzima News TV Posted On:  April 18, 2024

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူလူထုနေအိမ်များစွာပျက်စီးဆုံးရှုံးခဲ့ရာ သုံးနှစ်ကျော်အတွင်း နေအိမ် ၈၃,၀၀၀ ကျော်ရှိကြောင်း Data for Myanmar က ထုတ်ပြန်လိုက်ပါတယ်။ အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ ခုနှစ်၊ မတ်လကုန်အထိ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝန်း နေအိမ် (၈၃,၇၄၆) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း နေအိမ်မီးရှို့ခံရမှုတွေ လျော့နည်းသွားပေမယ့် ဒီဇင်ဘာလောက်ကစပြီး ဒီနေ့အထိ နေအိမ်မီးရှို့ခံရမှုတွေ ပြန်များလာကာ မတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှု လုပ်ရပ်များ ပြန်လည်ပြီး ပိုမိုပြုလုပ်လာတယ်လို့လည်း Data For Myanmar က ဆိုပါတယ်။၂၀၂၃ ဩဂုတမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆင်းခဲ့ပေမယ့် ၂၀၂၃ ဒီဇင်ဘာမှစကာတဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ အခုနှစ် မတ်လတစ်လတည်းမှာတော့ နေအိမ်သုံးသောင်းနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲက စစ်ကိုင်းတိုင်းမှာ နေအိမ် (၁၈၅၁) လုံးနဲ့ မန္တလေးတိုင်းမှာ (၆၂၈) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ကောင်စီဟာ ၎င်းတို့ကို ခုခံတော်လှန်မှု အားကောင်းတဲ့ ဒေသတွေကို အဓိက ပစ်မှတ်ထား မီးရှို့မှုများ ပြုလုပ်ခဲ့ရာ ၂၀၂၂နဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းမှာ စစ်ကိုင်း၊ မကွေးတိုင်းရှိ ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ရေးအရ ခုခံတော်လှန်မှု အားကောင်းတဲ့ ကရင်၊ ချင်းနှင့် ကရင်နီပြည်နယ်တွေမှာလည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများ ပြုလုပ်ကာ ရပ်ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး အပစ်ရပ်ပြီးနောက်ပိုင်း စစ်ကိုင်းကရွာတွေကို စစ်ကြောင်းထိုးတာ ပိုများလာပြီး နေအိမ်မီးရှို့ခံရမှုနဲ့ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရမှု ပြန်လည်မြင့်တက်လာတယ်လို့ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လအတွင်းက ပြောကြားထားပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ရက္ခိုင်၊ ရှမ်းမြောက်၊ ကချင်ရှိဒေသခံ ပြည်သူတွေရဲ့ နေအိမ်တွေ ကို လေကြောင်းလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မီးရှို့ဖျက်ဆီးခြင်းအပြင်နေအိမ်မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သက်ဆိုင်ရာ အဖွဲ့တွေကလည်း ထုတ်ပြန်ထားပါတယ်။ ခုခံတော်လှန်မှု စတင်အားကောင်းလာတဲ့ မွန်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်က ပစ်မှတ်ထား ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာ မတ်လကုန်ပိုင်းက ကျိုက်မရောမြို့နယ် ဓမ္မသတ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အလုံး ၃၀၀ ခန့် မီးလောင်ပျက်စီးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာလည်း စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲက ရွာလေးရွာကို စစ်ကြောင်းဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပျက်စီးမှုအရေအတွက် အချက်အလက်တွေကို Data for Myanmar က ဖော်ပြပေးလျက်ရှိရာ မပြည့်စုံသေးတဲ့အချက်အလက်တွေကို ချန်ထားခဲ့ရတာကြောင့် မြေပြင်နဲ့နီးစပ်တဲ့ အဖွဲ့တွေရဲ့ အချက်အလက်အရေအတွက်တွေက ပိုများနေနိုင်ကြောင်း အသိပေးထားပါတယ်။ လက်ရှိမှာတော့ နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူဟာလည်း ၂.၈ သန်းကျော်အထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။ #Political News#MizzimaTV-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U Subscribe our channel: / @mizzimanewstv Follow us: Facebook | Myanmar Language / mizzimadaily Facebook | English language / mizzimamyanmarnews Facebook | Mizzima+TV / mizzimaplustv Twitter / mizzimanews Telegramhttps://t.me/mizzimatvSportifyhttps://open.spotify.com/show/0JqldUl... Get Mizzima TV App Free http://onelink.to/jnuwak Website :https://bur.mizzima.comhttps://eng.mizzima.comhttps://www.mizzima.tv.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Tags:
##MizzimaTV  #Myanmar  #mizzima  #news  #breakingnews  #dailynews  #burma  #burmese  #newsandpolitics  #newsandfeatures  #updatenews  #media  #mizzimaplushdtv  #mizzima+HD  #myanmarfood  #travel  #news today  #whathappeninginmyanmar  #youtube shorts  #shorts  #facebook reels  #reels  #tiktok  #mizzimadailynews  #mizzimaheadlinenews  #dailynews_live  #mizzima_Live  #news_today  #News_live  #US  #TH  #LIVETV  #Myanmar_News_Mizzima  #today  #update_news  #mizzima tv app  #mizzimadaily