NCA စာချုပ်ကို မင်းအောင်လှိုင်က ဖျက်ဆီးလိုက်၍ စာချုပ် ပျက်ပြယ်ဟု KNU ပြော (၂ဝ၂၃ ဩဂုတ်လ ၁၁ ရက်)

Video By:  Khit Thit Media Posted On:  August 11, 2023

NCA စာချုပ်ကို မင်းအောင်လှိုင်က ဖျက်ဆီးလိုက်၍ စာချုပ် ပျက်ပြယ်ဟု KNU ပြော ရန်ကုန်၊ ဩဂုတ် ၁၁ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA အခြေခံမူ ဖြစ်သည့် နိုင်ငံရေး ပြဿ နာ အားလုံးကို အကြမ်းဖက် နည်းလမ်းဖြင့် မလုပ်ရန်၊ ပြည်သူလူထုကို အကာ အကွယ်ပေးရန် အပါအဝင် မူဝါဒတို့ကို မင်းအောင်လှိုင်က ဖျက်ဆီးလိုက်၍ စာချုပ် ပျက်ပြယ်သွားကြောင်း KNU မှဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ၏ အခြေခံမူတချို့ ဖြစ်သည့် နိုင်ငံရေးပြဿနာအားလုံးကို အကြမ်းမဖက်ရန် ဆိုသော စာချုပ်ပါ အချက် အလက်များကို စစ်ကောင်စီက စစ်အာဏာသိမ်းခြင်းဖြင့် လိုက်နာခြင်းမရှိကြောင်း ၎င်းက ရှင်းပြသည်။ "၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ခေါင်းဆောင်က NCA နဲ့ ဆက်လက် လုပ်ကိုင်သွားမယ်။ NCA သဘောတူညီချက်ကို တတ်နိုင်သ လောက် အကောင်အထည်ဖော်သွားမှာဖြစ်တယ်ဆိုတာကတော့ ကျနော်တို့ တစ်ခါမှ မကြားဖူးတဲ့ စကားလုံးပဲ။ တတ်နိုင်သလောက် အကောင်အထည်ဖော်တယ်ဆိုတာ ပြောစရာကို မလိုတော့ဘူး။ ဘာဖြစ်လဲဆိုတော့ NCA နှလုံးသားဖြစ်တဲ့ အခန်း ၁ မှာရှိတဲ့ နိုင်ငံရေးပြဿနာအားလုံးကို အကြမ်းဖက်နည်းနဲ့မလုပ်ရဘူး။ နောက်ပြီးတော့ နိုင်ငံရေးယဉ်ကျေးမှု အသစ်ပေါ့။ အဲဒါတွေအားလုံးကို သူကိုယ်တိုင် သဘောတူ လက်မှတ်ထိုးထားတဲ့ဟာ။ သူကိုယ်တိုင်က ချိုးဖောက်ပြီးသား။ သူလက်နဲ့ရေးတာကို သူခြေထောက်နဲ့ ဖျက်တာ။ အဲဒါကြောင့် ကျနော်တို့က ရှင်းတယ်လေ။ သိပ်ပြီးတော့ များများစား ပြောစရာမလိုဘူး။ သူကိုယ်တိုင် ဖျက်ဆီးတဲ့ဟာက NCA ဆိုတာက နိဂုံးအဆုံးသတ်သွားပြီ။ ဒါပေမယ့် နောက်တစ်ခါ ဒီထက်ပိုရှင်းသွားတာက ကျနော်တို့ အပြန်ပြန် အလှန်လှန် သဘောတူထားတာက NCA စာချုပ်ထဲမှာ ပြည်သူလူထုကို အကာအကွယ်ပေးရေး ပဲ။ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ သူကိုယ်တိုင်က သဘောတူညီချက် စာချုပ်ထဲမှာ သဘောတူ လက်မှတ်ထိုးတယ်ဆိုပေမယ့် ဒီနေ့ ဒီကာလမှာ ပြည်သူလူထုကို ဘယ်လောက် အကာအကွယ် ပေးတယ်ဆိုတာ လူတိုင်းသိနေတာပဲ။ လူထုတွေကို မထင်ရင် မထင်သလို သတ်ဖြတ်တာတွေ၊ ဗုံးကျဲတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေတော့ ဒီစာချုပ်ကို ပျက်စီးအောင်လုပ်တာက ဘယ်သူလဲဆိုတော့ သူကိုယ်တိုင်ပဲဖြစ်နေတာ ရှင်းနေတာပဲ။NCA ကိုပျက်အောင် လုပ်သွားတဲ့သူက စစ်ခေါင်းဆောင် လုပ်သွားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပါတယ်။ " ဟု ပဒိုစောတောနီးက ပြောဆိုသည်။ KNU အနေဖြင့် NCA စာချုပ်ကို ထပ်မံ လိုက်နာစရာ အကြောင်း မရှိဘဲ NCA စာချုပ်မှာလည်း ဆက်လက် တည်ရှိခြင်း မရှိတော့ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi