Khit Thit သတင်းဌာန၏ ဩဂုတ် ၈ ရက်နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Video By:  Khit Thit Media Posted On:  August 08, 2023

Khit Thit သတင်းဌာန၏ ဩဂုတ် ၈ ရက်နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ - ရန်ကုန်မှာ ရှစ်လေးလုံး အရေးတော်ပုံ ၃၅ နှစ်ပြည့်အဖြစ် "တော်လှန် မီးတောက်တွေ လောင်ကျွမ်း နေတုန်းဘဲ" ဆိုတဲ့ စာတန်းပါ ထီးအနီရောင် လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -ရှမ်းပြည်နယ်၊ လဲချားမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ SSPP တပ်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ၁၀ ဦး ထက်မနည်း သေသွားတဲ့အပြင်တပ်သား ၂ ဦးကိုပါ အရှင်ဖမ်းဆီးရမိထားတယ်လို့ SSPP ကနေ ထုတ်ပြန်ထားပါတယ်။ - ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့ကနေ မကွေးတိုင်း၊ လောင်းရှည် မြို့နယ် ဘက်ကို ပြန်ဆင်းသွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းဟာ လမ်းတလျှောက်မှာရှိတဲ့ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ ပြည်သူပိုင် နေအိမ်တွေကို ဖျက်ဆီးသွား တဲ့ အပြင် ၊ ပြည်သူပိုင် ပစ္စည်းတွေကိုပါ ခိုးယူလုယက် သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi 

ShweTube, Collection of Myanmar Youtube Videos