Khit Thit သတင်းဌာန၏ ဩဂုတ် ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -မြန်မာစစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို ပြစ်ဒဏ် တချို့ လျော့ပေါ့တဲ့ ကြေညာချက်ဟာ "ဘာမှ အရာ မထင်တဲ့ လုပ်ရပ်" ဖြစ်ပြီး ၊ ဝါဒဖြန့်ချိရေး အတွက် အသုံးချမှု သက်သက်သာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစု ကြည် ရဲ့ သားငယ် ကိုထိန်လင်း ကပြောဆိုလိုက်ပါတယ်။ - ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ ဇူလိုင်လ ၃၁ ရက် ညပိုင်းက အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေး နေသူ လင်မယားနှစ်ဦးကို ပစ်ခတ်ရှင်းလင်းရာမှာ သေသွားတယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ - စစ်ကိုင်းတိုင်း၊ ဒီပဲယင်း-မြို့နယ်က မရကန်-ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က တတိယ အကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် အလုံး ၃၀ ကျော် မီးလောင် ပျက်စီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။