Khit Thit သတင်းဌာန၏ ဩဂုတ် ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက ဓာတ်ပြားဟောင်း ဇာတ်လမ်းနဲ့ နိုင်ငံကို အရေးပေါ်ကာလ နောက်ထပ် သက်တမ်း ၆ လ တိုးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။ -ကရင်နီပြည်နယ်၊ လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းမှာ ၂ ရက်ဆက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သား ၂၀ ဦးသေဆုံး ပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိကာ စစ်ကား ၁ စီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် KNDF ဆီကသိရပါတယ်။ -စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ခြမ်း ၊ ပြည်ထောင်စုလမ်းမပေါ်၊ ထန်းတောအင်းဖြတ်လမ်းအနီးမှာ ကင်း လှည့်လာ တဲ့ စစ်ကားတစ် စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။