Khit Thit သတင်းဌာန၏ ဇူလိုင် ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၄ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ၂သောင်းတန်ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ရက်နေ့မှာထုတ်ဝေမယ်လို့ ကြေညာလိုက်တာကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေနှင့်ကားစျေးကွက်အားလုံး အရောင်း ယာယီပိတ်သွားတယ်လို့ သိရပါတယ်။ -ပြည်တွင်းရွှေစျေးကွက်မှာ ဇူလိုင် ၂၂ ရက်နေ့က စစ်တပ်ဘက်မှ ကတော်နှင့် အမျိုးအဆက်အနွယ်တွေ ရွှေစျေးကွက်မှာ အခေါက်ရွှေ ဝယ်ယူမှုများပြားခဲ့ပြီး ငွေကျပ် နှစ်သောင်းတန်အသစ် ထုတ်ဝေမယ့် သတင်းကြို တင်သိရှိခဲ့ပုံရတယ်လို့ ရွှေကုန်သည်တချို့က ပြောဆိုပါတယ်။ -ဦးဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ အပါ အဝင် ကျဆုံးခဲ့ရတဲ့ အာဇာနည် တွေရဲ့ ပေးဆပ်မှု အချည်းအနှီး မဖြစ်စေဖို့ စစ်အာဏာရှင် တော်လှန်ရေး ခရီးအဆုံးအထိ ချီတက်မယ်လို့ နိုင်ငံ တော် ယာယီ သမ္မတ ဒူဝါလရှီးလက ပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။