Khit Thit သတင်းဌာန၏ ဇူလိုင် ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၈ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါလာတယ်လို့ သတင်းရရှိထား တဲ့ ယာဉ်တန်းကိုမနေ့က ရန်ကုန်-မန္တလေးအမြန်လမ်းမှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲရေးရုံး၊ တောင်ပိုင်းစစ်ဒေသမှ တာဝန်ရှိ သူ ဦးတင်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောပါတယ်။ -ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မြို့မရဲစခန်းမှာ ရဲအချင်းချင်း အရက်မူး ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားကာ ရဲတပ်ကြပ် ချစ်ထွေး သေဆုံးခဲ့တယ်လို့ ဒေသပြည်သူတွေနဲ့ ရဲသတင်းရင်းမြစ်တွေဆီကနေသိရပါတယ်။ -KNU တပ်မဟာ ၃ နယ်မြေ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် ဇူလိုင်လ ၁ ရက်နေ့မှ ၅ ရက်နေ့ အထိ ၅ ရက်အတွင်း စစ်ကောင်စီတပ်တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃၂ ဦးသေပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။