Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ၃ ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၊ အကြမ်းဖက် စစ်ကောင်စီ ဘက်က အရာရှိ ၂ ဦး အပါအဝင် ၁၆ ဦးသေသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်း တိုင်း၊ အမှတ် ၃ စစ် ဒေသ ခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါ တယ်။ - စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် သာစည်ကျေးရွာအနီးမှာ ဇွန်လ ၂၅ ရက်နေ့က တစ်နေကုန် နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အယောက် ၃၀ နီးပါး ထိခိုက်သေဆုံး မှုရှိသွားတယ်လို့ Ranger Kalay Defend Force ရဲ့ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် အနောက်ခြမ်း ၊ ရှာဘွားအုပ်စုမှာရှိတဲ့ အိမ်ထောင်စု ၁၀၀၀ ကျော်ကို ၁ လအတွင်း ဖျက်သိမ်း ထွက်ခွာသွားဖို့ အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက် ခြိမ်းခြောက် ပြောဆို သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။