Khit Thit သတင်းဌာန၏ ဇွန် ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၃ ရက် ညနေတင်ဆက်ပေးမယ့်သတင်းတွေကတော့ -စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူ ရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေး နဲ့ စာရင်းအင်း ဦးစီးဌာနက Non-CDM ဝန်ထမ်း မြေတိုင်းစာရေး ကျော်မျိုးထွေးကို PDF တပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့မှုအပေါ် သူ့ရဲ့ မိန်းမဆီကို ပြန်လို့ အဖမ်းခံရတာဖြစ်တဲ့အတွက် တာဝန်မယူဘူဆိုပြီး အဲ့ဒီ့ ဝန်ကြီးဌာနရဲ့ ဝန်ကြီးမင်းနောင် ကမှတ်ချက်ပေးလိုက်တယ်လို့ သိရပါတယ်။ - ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ် ၊ တမိုင်းကုန်းမှာရှိတဲ့ ရေကူးကန် စစ်တပ်စခန်း ကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာမှာ အကြမ်း ဖက် စစ်သား ၈ ဦးသေသွားတယ်လို့ ကျားသစ်နက် စစ်ကြောင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ - ပြည်တွင်းစျေးကွက်မှာ အမေရိကန်ဒေါ်လာ ဝယ်လိုအား ထိုးတက်နေပြီး ကြိုက် ရောင်းကြိုက်ဝယ် စျေးကွက်ဖြစ်ပေါ်နေသလို ၊ တစ်ဒေါ်လာကို ငွေကျပ် ၃၃၀၀ ကျပ် ဝန်းကျင် ဖြစ်နေတဲ့ သတင်းအပါ အဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။