ရွာမီးရှို့သည့်စစ်တပ်က မီးမငြိမ်းနိုင်ရန် ရေအရင်းအမြစ်များကိုပါ ဖျက်ဆီးခဲ့ ------------ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ အနောက်ဘက် ၅မိုင်ခန့်အကွာရှိ ကံသစ်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတို့ကို မေလ တတိယပတ်အတွင်း စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၁၇၅လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု မြို့နယ်ကာကွယ်ရေးအဖွဲ့က ပြုစုထားသော စာရင်းအရ သိရသည်။ အလွယ်တကူ မီးငြိမ်းသတ်၍ မရအောင် စစ်ကောင်စီတပ်ဖွဲ့များက အုတ်ရေကန်များ၊ ရေတွင်းနှင့် ရေတင်စက်များကိုပါ ဖျက်ဆီးပစ်ခဲ့သည်ဟု နေအိမ်များ ဆုံးရှုံးခဲ့ရသည့် ဒေသခံများက ပြောသည်။ သတင်း၊ တင်ဆက် - သူရမောင်