Khit Thit သတင်းဌာန၏ မေ ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၁၅ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -မိုခါဆိုင်ကလုန်းမုန်တိုင်းစတင်ဝင်ရောက်လာတဲ့ မေ ၁၄ ရက်နေ့မှာ လေဒဏ်မိုးဒဏ်ကြောင့် ပြည်သူ ၆ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ - စစ်ကိုင်းတိုင်း ခင်ဦးနဲ့ကနီမှာ မိုခါမုန်တိုင်းဝင်မယ့်အချိန် မိုးထဲလေထဲမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစောထီး တွေဟာ စစ်ကြောင်းထိုးနေတဲ့အတွက် ပြည်သူသောင်းနဲ့ချီ ထွက်ပြေးနေရပါတယ်။ - မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ချောင်းရေမြင့်တက်မှုကြောင့် ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေပြီး သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူ ၁၀၀ ကျော် ပိတ်မိနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။