၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း (၂ဝ၂၃ မေ ၃ ရက်)

Video By:  Khit Thit Media Posted On:  May 03, 2023

"အခြေအနေတွေက ၂၀၁၂တုန်းကအခြေအနေတွေနဲ့ မတူဘူး။ အဲဒီတုန်းက စစ်ရေးအရဖိအားမရှိတဲ့အခါမှာ နိုင်ငံ ရေး အရ နှစ်ဖက်လုံးထွက်ပေါက်ပိတ်နေတဲ့ အခြေအနေမျိုးမှာ လုပ်ခဲ့တာ။ ဒီ စစ်တပ်ကို ကျနော်တို့ Power Sharing ပေးခဲ့တယ်နော်။ အဲဒီအပြင်ကို သူတို့အတွက် ထွက်ပေါက်များစွာနဲ့ ပေးခဲ့ပါလျက်နဲ့ အဲဒီလမ်းစဉ်ကို စပြီးဖျက်ဆီးခဲ့တာ ဘယ်သူတွေလဲ။ သူတို့ကိုယ်တိုင်ဖျက်ဆီးခဲ့တာလေ။ အဲဒီတော့ ပြည်သူတွေကရွေးခဲ့ပြီ။ ဘာကိုရွေးခဲ့လဲဆိုတော့ ဒီတခါတော့ နောက်ဆုံးတိုက်ပွဲပဲ။ ဒီတိုက်ပွဲပြီရင်အောင်မြင်မှုပဲ။ ဒီတိုက်ပွဲပြီးရင် ပြီးပြီ။ နောက်တိုက်ပွဲအတွက် နောက်ဆုံးလမ်းကို ပြည်သူတွေက ရွေးခဲ့ပြီးပြီ။" ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ပြည်သူများကို ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ရာ ၂ နှစ်ကျော်ကာလတွင် ပြည်သူ ၃၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။ စစ် တပ် က လေ ကြောင်း ဖြင့် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုး သမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ ကလေးငယ်များ ပါမကျန် ရက်စက်စွာ သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြသည်။ နိုင်ငံတကာ၏ ကြားဝင်စေ့စပ်မှု၊ ကုလသမဂ္ဂ၏ ကြားဝင်စေ့စပ်မှုများကို ငြင်းပယ်ခဲ့ပြီးနောက် သဘောထားတင်းမာလာခဲ့ရာမှ စစ်ရေးအခြေအနေအရ စစ်ကောင်စီတွင် အလွန်အကျပ် အတည်း ကြုံလာချိန်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ခေါ်ခြင်း၊ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဟောင်း ဘန်ကီမွန်းကို ဖိတ်ခေါ်ခြင်းဖြင့်လည်းကောင်း ထွက်ပေါက်ရှာဖွေလာသည်။ ယခုနောက်ဆုံးတွင် နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခြင်း၊ သေဒဏ်ကျ နိုင်ငံရေးအကျဉ်း သားများကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပြောင်းလဲခြင်း များ ရုတ်တရက် ဆောင်ရွက်လာသည်ကို မြင်တွေ့ရသည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi