နေရှိန်ပြင်းပြင်းအောက်မှာ ရွာလုံးကျွတ် မီးလောင်တိုက်သွင်းခံနေရတဲ့ အညာဒေသက ကျေးရွာတွေ

Video By:  PVTV Myanmar Posted On:  April 30, 2023

"နေရှိန်ပြင်းပြင်းအောက်မှာ ရွာလုံးကျွတ် မီးလောင်တိုက်သွင်းခံနေရတဲ့ အညာဒေသက ကျေးရွာတွေ" ခင်ဦးမြို့နယ်မှ အိမ်ခြေ ၅၀၀ ဝန်းကျင် အား ၃ ရက်အတွင်း စကစမှ မီးရှို့၊ မီးဘေးသင့်ပြည်သူများ နေထိုင်ရန်အခက်အခဲ ဖြစ်နေ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြို့သစ်ကျေးရွာသို့ ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် စကစနှင့်ပျူအင်အား ၁၀၀ ကျော်သည် ဝင်ရောက်စီးနင်းကာ ၂၇ရက်နေ့နံနက်ပိုင်းထိ မီးရှို့ခဲ့ပြီး ရေဦးမြို့နယ်သို့ ပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံများကပြောပါတယ် ဧပြီလ ၂၅ရက်နေ့ နေ့လည်ပိုင်းတွင်လည်း ရွှေဘိုဘက်မှ ခင်ဦးမြို့နယ် တပင်ကောင်းရွာသို့ ဝင်ရောက်မီးရှို့ခဲ့ပြီး ညအိပ်တပ်စွဲကာ ဧပြီလ ၂၆ရက်နေ့ နေ့လည်ပိုင်းတွင် ကံကြီးကုန်းရွာမှ နေအိမ်အချို့မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံများကပြောပါတယ် အဲ့လို မီးရှို့မှုကြောင့် ၃ရက်အတွင်း တပင်ကောင်းရွာမှ နေအိမ် ၂၅လုံး ကံကြီးကုန်းရွာမှ နေအိမ် ၅လုံး မြို့သစ်ကျေးရွာမှ အိမ်ခြေ ၄၅၀ ကျော် စုစုပေါင်း ၃ရက်အတွင်း ကျေးရွာ၃ရွာမှ နေအိမ် ၅၀၀ ဝန်းကျင်မီးရှို့ခံခဲ့ရပါတယ် အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ မြို့သစ်ကျေးရွာမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရပြီး အညာရာသီဥတု နေ့အပူချိန်အရမ်းမြင့်တာကြောင့် ပြည်သူများမှာ နေစရာအိမ်မပြောနဲ့ နားခိုစရာ သစ်ပင်တောင်မရှိတော့ဘူးလို့သိရပါတယ် လက်ရှိမှာထမင်းစားဖို့အတွက် အနီးနားရှိကျေးရွာပြည်သူများမှ ထမင်းထုပ်များ ဝေငှတာပဲစားနေရပြီး ချက်ပြုတ်စားဖို့ အိုးခွက်ပုကန်လဲမရှိတော့ဘူးလို့သိရပါတယ် ခင်ဦးမြို့နယ်အတွင်းမှာ အာဏာသိမ်းပြီးမှ ယနေ့အချိန်ထိ စကစသည် ကျေးရွာ ၇၀မှ နေအိမ် ၄၈၀၀ ကျော်မီးရှို့တာကို ခံထားရပြီး မီးဘေးသင့်အိုးမဲ့အိမ်မဲ့ပြည်သူ ၂၀၀၀၀ ကျော်ပြီလို့ ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့များထံမှသိရပါတယ်။

Tags:
#Myanamr  #PVTV  #NUG  #Myanmar News  #What Happen in Myanmar  #Latest News  #သတင်း  #စစ်သတင်း  #PDF  #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  #အမျိုးသားညီည့တ်ရေးအစိုးရ  #မြန်မာသတင်း  #သတင်းထူး  #စစ်တပ်  #အကြမ်းဖက်