Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၂၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့ -ရန်ကုန်တိုင်း၊ မင်္ဂလာဒုံစက်မှုဇုန်က စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းအားလုံးရဲ့ ကိုယ်ရေးရာဇဝင်တွေကို စစ်တပ်ကို ပေးရမယ်ဆိုပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်မင်းဦး ဆိုသူက အမိန့်ပေးလာတဲ့အတွက် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတွေကနေ လိုက်ပါ ဆောင်ရွက်နေရတယ်လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။ -မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး လမ်းပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကနေ ကြားဖြတ် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီ ဘက်က ၈ ဦးသေသွားတယ်လို့ တောင်ညို ပြည်သူ့ ပြောက်ကျား တပ်ဖွဲ့ဆီကနေ သိရပါတယ်။ - စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က ကညနရုံးမှာ ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့မှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။