Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၂၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ မံဟဲရွာသား ၅ ဦးရဲ့ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိခဲ့တယ်လို့ Indaw Revolution - IR အဖွဲ့ဆီက သိရပါတယ်။ - ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ဘန်ကီမွန်းဟာ နေပြည်တော် လာရောက်ပြီး မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ တာဟာ နိုင်ငံတကာဇတ်ခုံမှာ လူမိုက်ကို ပွဲထုတ်မှုဖြစ်လို့ ကန့်ကွက် ရှုတ်ချတယ်လို့ မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ NUG သမ္မတ ဒူဝါလရှီးက ပြောဆိုလိုက်ပါတယ်။ -မင်းတပ်-ကျောက်ထု လမ်းပိုင်းမှာ အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ CDF-Kanpetlet ဆီကသိရပါတယ်။ -Free Online Education Institution Myanmar - FOEIM အွန်လိုင်း စာသင် ကျောင်းမှာ တက်ရောက်ခဲ့တဲ့ စာရင်း ပေါက်ကြားခဲ့သူတွေကို စစ်တပ်က လိုက်လံ ဖမ်းဆီးနေပြီး မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။