Khit Thit သတင်းဌာန၏ ဧပြီ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ချင်းပြည်နယ်မှာ လေကြောင်းက တစ်ဆင့် ပြည်သူလူထုအပေါ် တိုက်ခိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီး နဲ့ အလိုတူ အလိုပါ ပိုင်း လော့တွေ ကို အပြစ်ပေး စီရင် နိုင်သူ မည်သူ့ကို မဆို ကျပ်သိန်း ၅၀၀ တန် မြေ ကွက် တစ်ကွက်ချီးမြှင့်သွားမှာဖြစ်တယ်လို့ CDF – Mindat ကနေ တရားဝင် ကြေညာလိုက်ပါတယ်။ - ကရင်ပြည်နယ်မှာရှိတဲ့ KNU- တပ်မဟာ ၅ ဆီကို အကြမ်းဖက် စစ်ကောင်စီဘက်က တပ်သား ၄ ဦးဟာ လက်နက် အပြည့်အစုံနဲ့ လက်နက်ချ အလင်းဝင်ရောက်ခဲ့တယ်လို့ KNU မူတြော် သတင်းစဥ် ကနေ ထုတ်ပြန်ထားပါတယ်။ - CDM စစ်အရာရှိတွေ နဲ့ ရဲအရာရှိတွေ ဦးဆောင်တဲ့ မိုးကြိုးပျောက်ကျား တပ်ဖွဲ့ အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တဲ့အပြင် ၊ စစ်ဒေသ ၄ ခု ဖွဲ့ စည်းပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ် မယ်ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။