PDF ၃ ဦးကို ပြန်ပို့မှု နှစ်နိုင်ငံနိုင်ငံရေးနှင့် လူမှုအသိုင်းအဝိုင်းကို အပြင်း အထန် ရိုက်ခတ် (၂၀၂၃ခုနှစ် ဧပြီလ ၁၉ရက်)

Video By:  Khit Thit Media Posted On:  April 19, 2023

PDF ၃ဦးကို ထိုင်းလဝက မြန်မာနိုင်ငံသို့ ပြန်ပို့မှု နှစ်နိုင်ငံ နိုင်ငံရေးနှင့် လူမှုအသိုင်းအဝိုင်းကို အပြင်းအထန် ရိုက်ခတ် By ရန်ကုန်ခေတ်သစ် -ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆေးလာကုတဲ့ Lion Battalion မှရဲဘော် ၃ဦးကို ထိုင်းလဝက စစ်ကောင်စီ လက်အောက်ခံ BGF ဆီကို အပ်နှံလိုက်တာကြောင့် နှစ်နိုင်ငံ နိုင်ငံရေးနှင့် လူမှုအသိုင်းအ၀ိုင်းကို အပြင်းအထန် ရိုက်ခတ်ခဲ့ပါတယ်။ - ဧပြီလ (၅) ရက်နေ့က ရဲဘော် (၃)ဦးကို ထိုင်းလူဝင်မှု ကြီးကြပ်ရေး က ဖမ်းဆီးခဲ့ပြီး မြန်မာစစ်အုပ်စုဆီကို လွှဲပြောင်းပေးခဲ့တာပါ။ -ဒီလိုလွဲပြောင်းရာမှာ BGF ကမ်းမရောက်မီ တော်လှန်ရေး ရဲဘော် ၃ ဦးက ရေထဲခုန်ဆင်းရာ BGF တပ်ဖွဲ့က ပစ်ခတ်လို့ ရဲဘော်သီဟမှာ ကျည်ထိ မှန် သေဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာတွေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ - စစ်ကောင်စီထံအပ်နှံတာဟာ ဥပဒေချိုးဖောက်မှုဖြစ်လို့ ဖြေရှင်း ချက်ပေးဖို့ ထိုင်းနိုင်ငံရေးပါတီ Commoners' Party က ဧပြီလ ၈ ရက်နေ့မှာ ထိုင်းအစိုးရကို တရားဝင် တောင်းဆိုလိုက်ပါတယ်။ - စစ်အုပ်စုဆီလွှဲပြောင်စဉ် လူသေဆုံးမှု ဖြစ်ခဲ့တာကြောင့် ထိုင်းနိုင်ငံအနေက လက်မှတ်ရေး ထိုးထားတဲ့ “ညှဉ်းပမ်း နှိပ်စက်ခြင်းနှင့် လက်စဖျောက်ဖမ်းဆီးခြင်းကို ဆန့်ကျင်တဲ့ ဥပဒေ ချိုးဖောက်ခဲ့တဲ့အပေါ် ဖြေရှင်းချက်ပေးဖို့ ထိုင်း အစိုးရကို တိုက်တွန်းလိုက်တာပါ။ - ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးမှ ဆေးကုသခွင့် ငြင်းဆိုလိုက်တာဟာလည်း တတိယဂျီနီဗာ သဘောတူညီချက် အပိုဒ်(၁၃) အပါအဝင်၊ စစ်မက်ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တဲ့ သဘော သက်ရောက်တယ်လို့ Commoners' Party က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ - မြန်မာစစ်အုပ်စုရဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အကြမ်း ဖက် လုပ်ရပ်တွေကို ထိုင်းအစိုးရက အားပေးကူညီ ပါ၀င်ပတ်သက်နေခြင်းဖြင့် စစ်ရာဇ၀တ်မှု တခုကိုပါ ကျူးလွန်ရာ ရောက်နေတယ်လို့ ဆိုပါတယ်။ - လူ့ဂုဏ်သိက္ခာကို မထီမဲ့မြင်ပြုတဲ့ အဆိုပါ လူမဆန်သည့် ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။ - အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ရဲဘော် ၃ဦးကို စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဆီကို လွှဲပြောင်းမှုဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူးလို့ ကန့်ကွက်ပြောဆိုထားပါတယ်။ -ဒါအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရက ပြောဆိုထားပါတယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi