ပဇီးကြီးရွာတွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၅ ဦးထိရှိလာနေ (၂၀၂၃ခုနှစ် ဧပြီလ ၁၃ရက်)

Video By:  Khit Thit Media Posted On:  April 13, 2023

ကန့်ဘလူမြို့နယ် ပဇီးကြီးရွာတွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၅ ဦးထိရှိလာနေ By ရန်ကုန်ခေတ်သစ် -အကြမ်းဖက်စစ်ကောင်စီမှ ကန့်ဘလူမြို့နယ် ပဇီးကြီးရွာက အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၅ ဦးထိရှိလာပြီဖြစ်ပါတယ်။ -ဧပြီ ၁၁ ရက်က ပဇီးကြီးရွာမှာ ရုံးဖွင့်ပွဲ မဏ္ဍပ်ထိုးပြီး အလှူထမင်းကျွေးနေတဲ့ လူအုပ်အတွင်းကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ -အဲဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း ကလေး ၃၀ ကျော်အပါအဝင် အမျိုးသမီးတွေ၊သက်ကြီးရွယ်အိုတွေနဲ့ ပြည်သူ ၁၆၅ ကျော်သေဆုံးခဲ့တာပါ။ -စစ်ကောင်စီမှ ဧပြီ ၁၁ နေ့ ညနေပိုင်းမှာ ထပ်မံလာရောက်ပစ်ခတ်သလို ဧပြီ၁၃ ရက်နေ့အထိ ပဇီးကြီးရွာနားမှာ ရဟတ်ယာဉ်တွေ ဝဲပျံနေသေးတာကြောင့် ရှင်းလင်းရေးလုပ်ငန်းတွေ ကောင်းမွန်စွာ မလုပ်နိုင်သေးပါဘူး။ -လက်ရှိအချိန်ထိ ကွယ်လွန်ခဲ့တဲ့သူတွေထဲက ၈၀ ခန့်ကိုသာ သင်္ဂြိုလ်ထားနိုင်ပြီး ရွာအနီးတဝိုက်မှာ ကွယ်လွန်သူ တွေရဲ့ ကိုယ်ခန္ဓာအပိုင်းအစတွေ ပြန့်ကျဲနေပါသေးတယ်။ - အိမ်ခြေ ၁၀၀ လောက်ပဲရှိအဲဒီရွာက ပြည်သူတွေဟာ ကြောက်လန့်ထွက်ပြေးကုန်လို့ လူမရှိဘဲ ရွာပျက် သလောက်ဖြစ်နေပြီလို့ သိရပါတယ်။ -အခုချိန်ထိ သေဆုံးတဲ့သူတွေရဲ့ အမည်စာရင်းကို မသိရသေးသလို့ စာရင်းအတိအကျလည်း မကောက်နိုင် သေးဘူးလို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ -ပဇီးကြီးရွာ အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်မှုကို Yak -130 လေယာဉ်အုပ်မှူး ဗိုလ်မှူးရဲဇော်နိုင် ကြီးကြပ်ခဲ့တာဖြစ်ပြီး ပိုင်းလော့ ဗိုလ်ကြီးသန်းတိုးအောင်နဲ့ ဗိုလ်ကြီး ဘုန်းသက်နိုင် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ - ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကတော့ ကျောင်းသားကျောင်းသူ ကလေးငယ်တွေနဲ့ ပြည်သူ ၁၀၀ ကျော်သေဆုံး စေခဲ့တဲ့ စစ်တပ်ရဲ့ လေယာဉ်နဲ ဗုံးကျဲမှုကို ရှုတ်ချတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။ - ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကတော့ နိုင်ငံတကာ တရားစီရင်ရေး လုပ်ငန်းစဉ်တွေက စစ်ခေါင်းဆောင်ပိုင်းကို တနေ့ မှာ သူတို့ ကျူး လွန်တဲ့ ရာဇ၀တ်မှုများအတွက် တာဝန်ရှိကြောင်း ဖော်ထုတ် နိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi