တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ သစ္စာရေသောက် ပူးပေါင်း စုစည်းသွားမှု စစ်ကောင်စီပြာယာခတ် (၂၀၂၃ခုနှစ် ဧပြီလ ၇ရက်)

Video By:  Khit Thit Media Posted On:  April 07, 2023

ကရင်နှင့် မွန်တွင် ပြည်သူအားကိုးသည့် နာမည်ကျော် တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင်များ သစ္စာရေသောက် ပူးပေါင်း စုစည်းသွားမှု စစ်ကောင်စီပြာယာခတ် ၊ နွေဦးတော်လှန်ရေး၏ အချိုးအကွေ့ တစ်ခုသို့ ရောက်ရှိဟုဆို By ရန်ကုန်ခေတ်သစ် -ကရင်ပြည်နယ်၊ မွန်ပြည်နယ်အတွင်းက ပြည်သူလူထုအားကိုတဲ့ လက်နက်ကိုင်ခေါင်းဆောင်တွေက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ခိုက်ဖို့ ဧပြီ ၃ရက်က သစ္စာရေသောက် ပူးပေါင်းလိုက်ပါတယ်။ - နွေဦးတော်လှန်ရေး အရှိန်မြှင့်တင်ဖို့နဲ့ တော်လှန်ရေးအောင်ပန်းအမြန် ဆုံးဆွတ်ခူးနိုင်ရေး ရှေးရှုကာ အကွဲအလွဲမရှိ ကရင့်တော်လှန်ရေးစစ်စစ် အောင် မြင်ဖို့အတွက် ရည်ရွယ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။ -ဒီထုတ်ပြန်ချက်စာသားဟာ တစ်ကြောင်းထဲပေမယ့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နေပြည်တော် စစ်ကောင်စီရဲ့ စစ်ရုံးတို့ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့ပါတယ်။ - ပူးပေါင်းလိုက်တဲ့ခေါင်းဆောင်တွေထဲမှာ ကော်သူလေးတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြ၊ Lion Battalion Command oစစ်ကြောင်းမှ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး၊ ကျားဖြူ စစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်ကျော်သက်၊ Cobra Column စစ်ကြောင်းမှူး ဗိုလ်ဒါဘော၊ ဒုစစ်ကြောင်း မှူးဗိုလ်စောကော် တို့ပါဝင်နေတာက စစ်ကောင်စီတပ်တွေအားလုံးကို အရေးပေါ် တပ်လှန့်မှုများ ဖြစ်ပေါ် စေခဲ့ပါတယ်။ -တော်လှန်ရေး မျိုးဆက်သစ် ခေါင်းဆောင်တွေ စုစုစည်းစည်း ဖြစ်နေတဲ့ ဓာတ်ပုံတွေ ထွက်လာတဲ့ နေ့မှာပဲ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ အရေးပေါ် အစည်းအဝေးခေါ်ခဲ့တယ်လို့ သိရပါတယ်။ -အဓိကတပ်တွေ လုံခြုံ ရေး၊ ဘန်ကာတွေသေချာ ဆောက်ဖို့ ၊ ဒရုန်းဖျက်ချတဲ့ Jammer ပြန်စစ်ဆေးဖို့ တပ်လှန့်ခဲ့ပါတယ်။ ဒါအပြင် ရဲစခန်း၊ ရဲကင်းတွေကို PDF တွေ ဝင်လာနိုင်လို့ သေချာစစ်ဆေးပါ ဆိုတဲ့ ကြေးနန်းမျိုးတွေ တောက်လျှောက် ထုတ်ခဲ့ပါတယ်။ -မကြာသေးခင်ကလည်း KNU / PDF တစ်ရာ ၁၀၀ နီးပါးခန့်က ရန်ကုန်ကို ကားနဲ့သွားဖို့အတွက် စီစဉ်နေတယ်လို့ ရဲကြေးနန်း ကြောင့် မြ၀တီမှ- ရန်ကုန် အထိ လမ်းတစ်လျှောက်စိစစ်ဖို့ အမိန့် ညွှန်ကြားချက်တွေ ထွက်ခဲ့ပါတယ်။ -ဒါအပြင် စစ်ကောင်စီနဲ့အတူ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ KNU/KNLA PC မှဗျူဟာမှူးတချို့လည်း စစ်အာဏာရှင်အမြစ်ဖြတ်ရေးမှာ ပါဝင်လာလို့ စစ်ကောင်စီကို ပို စိုးရိမ်သွားစေခဲ့ပါတယ်။ လူထုကို လက်နက်အားကိုးနဲ့သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကို အမြစ်ဖြတ် သုတ်သင်ချေမှုန်းဖို့ ခေါင်းဆောင်အသီးသီးက ဘုံသဘောထား တူညီစွာ သစ္စာရေသောက်ကတိကဝတ် ပြုခဲ့ကြတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို နိုင်ရာနေရာ ရရာနည်းလမ်းဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်နည်းလမ်းနဲ့ ဖြစ်စေ သွေးစည်းညီညွတ်စွာပူးပေါင်းပါဝင်ပေးကြဖို့ ကော်သူးလေလက်နက်ကိုင်ခေါင်းဆောင်တွေက တိုက်တွန်းထားကြသည်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi