ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက် (၂၀၂၃ခုနှစ် ဧပြီလ ၃ရက်)

Video By:  Myanmar Now News Posted On:  April 04, 2023

ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက် ------------ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မအူရဲစခန်းကို ယမန်နေ့(ဧပြီ ၃) နံနက် ၅နာရီအချိန်တွင် စတင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ရုပ်သံဖိုင်ကို ထိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ယနေ့ ထုတ်ပြန်လိုက်သည်။ ထိုတိုက်ခိုက်မှုတွင် မအူရဲစခန်းမှူး မြင့်ကျော် ဆိုသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး သေဆုံးကာ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့သည်ဟု ရေစကြိုမြို့နယ် ပကဖ က ထုတ်ပြန်ထားသည်။ တစ်နာရီခန့် ပစ်ခတ်တိုက်ခိုက်မှုအပြီး ရဲစခန်းအား ဝင်ရောက်စီးနင်း မီးရှို့နေချိန် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် နောက်ဆုတ်ခဲ့ရကြောင်း၊ ထိုစခန်းသိမ်းတိုက်ပွဲ ပြုလုပ်နေစဉ် မြေပြင်မှ စစ်ကူလာသော အင်အား ၃၀ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ရာ ၁၇ဦး သေဆုံးသည်ဟု တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ထိုအရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ အဆိုပါ တိုက်ိခုက်မှုကို ရေစကြို(ပကဖ) ၊ Salingyi Special Tesk Force(SSTF) ၊ မြိုင် ပကဖ တပ်ရင်း ၂ နှင့် Myanmar Royal Dragon Army (MRDA) တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ဒရုန်းတစ်စင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်းကြောင်း ရေစကြို(ပကဖ) က ထုတ်ပြန်သည်။

Tags:
#စစ်အာဏာရှင်  #ရေစကြိုမြို့နယ်  #မအူရဲစခန်း