“လူထုရဲ့ တောင်းဆိုမှုက ဒီစစ်အုပ်စုကို ဘင်္ဂလားပင်လယ်အော်ထဲ ကန်ချဖို့ ဖြစ်တယ်။ ကနေ့ကာလ ပြည်သူလူထုရဲ့ တောင်းဆိုမှုက ဒီစစ်အုပ်စုကို နိုင်ငံရေးစည်းဝိုင်းပြင်ပ မောင်းထုတ်ပစ်ဖို့ ဖြစ်တယ်” အာဏာသိမ်း စစ်တပ်က အသစ်ပြဠာန်းထားသည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ အရ မှတ်ပုံတင် ပြန်လည်လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းကြောင်း မတ် ၂၈ က ထုတ်ပြန်ကြေညာသည်။ ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီများတွင် ၁၉၈၈ လူထု အရေးတော်ပုံမှ ပေါက်ဖွားလာသည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီလည်း ပါဝင်သည်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး စစ်တပ် လက်ချက်ဖြင့် လူ့ဘောင်သစ် ပါတီဝင် ၂ ဦး သေဆုံးခဲ့ပြီး ပါတီဝင် ၄၀ နီးပါး ဖမ်းဆီးခံရထားသည်။ နွေဦးတော်လှန်ရေး မြေအောက်လှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ရာမှ တော်လှန်ရေး ရဲဘော် ပါတီမိတ်ဖက်နှင့် ပါတီဝင်များ တိုးပွားလာခဲ့သည်ဟု ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်မိုးဇော်က ဆိုသည်။ ပါတီဖျက်သိမ်းခံရသည့် လူ့ဘောင်သစ်ပါတီ၏ သဘောထား၊ စစ်တပ် ဦးဆောင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် မျက်မှောက်ခေတ် နိုင်ငံရေး အခြေအနေများကို လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဌလည်းဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်သူ ဦးအောင်မိုးဇော်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း၊ တင်ဆက် - ကိုချို (လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)