တပ်တွင်းစည်းလုံးရေးအပြင် တပ်ပြင်စည်းရုံးရေးပါ စစ်ခေါင်းဆောင် သတိပေးနေရ (၂ဝ၂၃ မတ် ၂၇ ရက်)

Video By:  Myanmar Now News Posted On:  March 27, 2023

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် အာဏာသိမ်းစစ်တပ် ခေါင်းဆောင်က တပ်ပြင်စည်းရုံးရေးကို အလေးထားကြရန် ၎င်း၏ တပ်ဖွဲ့ဝင်များကို ယနေ့(မတ် ၂၇)တွင် သတိပေးလိုက်သည်။ ယမန်နှစ် မိန့်ခွန်းတွင် တပ်တွင်းစည်းလုံးကြရန်သာ ပြောခဲ့ပြီး ယခုနှစ်တွင်မူ တပ်တွင်းစည်းလုံးရေးသာမက တပ်ပြင်စည်းရုံးရေးကိုပါ ထည့်ပြောသွားသည်ကို တွေ့ရသည်။ ခုခံတော်လှန်သူများက ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် လက်ခံထားသော ယနေ့တွင် တပ်မတော်နေ့အခမ်းအနားကို နေပြည်တော်တွင် စစ်ကောင်စီက အစဉ်အလာမပျက် ကျင်းပခဲ့သော်လည်း ဂုဏ်ပြုတပ်ဖွဲ့ဝင် စစ်သားအင်အားသည် ယခင်နှစ်များထက် လျော့နည်းသွားသည်ဟု ထိုအခမ်းအနားကို နှစ်စဉ်တက်ရောက်နေသူများက ပြောသည်။ NUG ၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချို့ကို ပြတ်ပြတ်သားသား အရေးယူမည်ဟုလည်း မင်းအောင်လှိုင်က ၂၅မိနစ်ကြာ ပြောကြားခဲ့သည့် ၎င်း၏ မိန့်ခွန်းထဲတွင် ပြောကြားသွားသည်။ စစ်ကောင်စီ၏ စိုးမိုးနယ်မြေများ တဖြည်းဖြည်း လျော့နည်းလာနေချိန် မင်းအောင်လှိုင်၏ အထက်ပါ ပြောကြားချက်သည် ‘သွေးရူးသွေးတန်း’ ဖြင့် လျှောက်ပြောခြင်း ဖြစ်ပြီး လုပ်စရာရှိတာ ဆက်လုပ်ရန်သာရှိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က တုံ့ပြန်သည်။ သတင်း၊ တင်ဆက် - စထွန်းအောင် လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Tags:
#စစ်အာဏာရှင်  #တော်လှန်ရေးနေ့  #တပ်တွင်းစည်းလုံးရေး  #တပ်ပြင်စည်းရုံးရေး