ပြည်ပ စီးပွားရေးကုမ္ပဏီများကို စစ်ကောင်စီနှင့် ပူးပေါင်းနေမှု လက်တွဲဖြုတ်ရန် NUG က ရာဇသံ စပေး‌ပြီ (၂ဝ၂၃ မတ် ၂၁ ရက်)

Video By:  Khit Thit Media Posted On:  March 21, 2023

ပြည်ပ စီးပွားရေးကုမ္ပဏီများကို စစ်ကောင်စီနှင့် ပူးပေါင်းနေမှု လက်တွဲဖြုတ်ရန် NUG က ရာဇသံ စပေး‌ပြီ By ရန်ကုန်ခေတ်သစ် - စစ်တပ်နှင့် ပူးပေါင်းနေတဲ့ ထိုင်း PTTEP ကုမ္ပဏီကို အမျိုးသားညီညွတ်ရေးအစိုးရက တရားစွဲဖို့ ပြင်ဆင်နေပြီလို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ပြောပါတယ်။ - ထိုင်း PTTEP ကုမ္ပဏီကို မတ်လ ၂၀ ရက်နေ့မှ စလို့ ရတနာစီမံကိန်း နဲ့ပတ်သက်တဲ့ တရားဝင်တောင်းဆိုချက်စာ Demand Letter ပို့ထားပါတယ်။ - ရက်ပေါင်း ၃၀ အတွင်း တုံ့ပြန်မှု မရှိဘူးဆိုရင် စင်ကာပူနိုင်ငံရှိ ခုံသမာဓိရုံးကို တိုင်ကြားကာ ဥပဒေလမ်းကြောင်း အ တိုင်း ဆောင်ရွက်မယ်လို့ NUG လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကပြောပါတယ်။ - ရတနာစီမံကိန်းမှ ရရှိတဲ့ ငွေတွေဟာ မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ဖို့ အာဏာသိမ်းစစ်အုပ်စုကို အထောက်အပံ့ ဖြစ်နေတယ်လို့ NUG ဝန်ကြီးကထောက်ပြပါတယ်။ - စစ်ကောင်စီအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဝင်ငွေဟာ တစ်လကို ဒေါ်လာ သန်းပေါင်း ၉၀ နဲ့ ၁၀၀ ကြားရှိပြီး ရတနာစီမံကိန်းမှ ရတဲ့ဝင်ငွေဟာ အများ ဆုံးဖြစ်နေပါတယ်။ - ရေနံနှင့် သဘာဝ ဓာတ်ငွေ့မှ ရရှိတဲ့ ရန်ပုံငွေတွေကို အာဏာသိမ်း စစ်အုပ်စုကို မပေးဆောင်ဖို့ အရင်ကတည်းက ကုမ္ပဏီတွေကို သတိပေးစာ များထုတ်ပြန်ခဲ့ပေမယ့် PTTEP က လိုက်နာတာမရှိဘူးလို့ NUG အစိုးရကပြောပါတယ်။ - ထိုင်း PTTEP ကုမ္ပဏီကို စတင် Demand Letter ပေးပို့ခဲ့ပြီး နောက်ပိုင်းမှာလည်း အခြား ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကိုင် နေတဲ့ ကုမ္ပဏီတွေကို အလားတူ လုပ်ဆောင် သွားမယ်လို့ NUG ကပြောပါတယ်။ - ကိုရီးယား POSCO ကတဆင့် တရုတ်ကိုတင်ပို့ရောင်းချနေတဲ့ ရွှေသဘာဝဓာတ်ငွေ့မှ ဝင်ငွေဟာ EU စီးပွားရေး ပိတ်ဆို့မှုကြောင့် ဒေါ်လာ သန်း ၂၀၀ စစ်ကောင်စီဆီ မရောက်ဘဲ အကောင့်ထိန်းသိမ်းခံထားရပြီလို့ NUG ကပြော ပါတယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi 

ShweTube, Collection of Myanmar Youtube Videos