အာဏာသိမ်းစစ်တပ်က အစုလိုက်အပြုံလိုက် လူသတ်တာ ၆၄ကြိမ်ရှိလာပြီး သေဆုံးသူပေါင်း ၇၀၀ကျော်လာပြီဟု NUG ထုတ်ပြန်၊ လူမဆန်သည့် အကြမ်းဖက်စစ်တပ်ကို မြန်မာပြည်သူများက ဆက်တော်လှန် သွားမည်ဟု နိုင်ငံတကာကို အသိပေး By ရန်ကုန်ခေတ်သစ် - အာဏာသိမ်းကာလ စတင်ချိန်ကစလို့ ၂၀၂၃ခုနှစ် မတ် ၁၃ရက်နေ့အထိ စစ်တပ်က အစုလိုက်အပြုံလိုက်အပါအဝင် သတ်ဖြတ် မှုပေါင်း ၆၄ကြိမ်ကျူးလွန်ခဲ့ပြီး သတ်ဖြတ်ခံရသူ ၇၆၆ဦးအထိ ရှိလာပြီလို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ -၂၀၂၁ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ၊ ယင်းရွာက အရပ်သားပြည်သူ ၃၄ဦးကို သတ်ဖြတ်တဲ့ ကျူးလွန်မှုဟာ စစ်တပ်ရဲ့ ပထမဆုံး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလို့ NUG ထုတ်ပြန်ချက်က ဆိုပါတယ်။ -အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုတွေထဲကမှ သေဆုံးမှုအများဆုံး ဖြစ်စဉ် ၆ခု ရှိခဲ့ပါတယ်။ -စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေထဲက သေဆုံးခဲ့သူတွေထဲမှာ အမျိုးသား ၄၈၂ဦး၊ အမျိုးသမီး ၇၈ဦးနဲ့ အလောင်းကို ကျား၊မ စစ်ဆေးရန်မလွယ်ကူတော့သူ ၂၀၆ီ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာအနေနဲ့က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ကျူးလွန်မှုတွေကို ရပ်တန့်စေဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ လိုအပ်နေ ပါတယ်။ ဒီဖြစ်စဉ်တွေဟာ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်တာတွေဖြစ်တာကြောင့် NUG လူ့အခွင့်အရေးဝန်ကြီးဌာန အနေနဲ့ အပြစ်ပေးအရေးယူနိုင်ရေးတွေ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။ - စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက တိုင်းရင်းသားနယ်မြေတွေမှာ စိုးရိမ်စရာ ကောင်းလောက်အောင်များပြားနေ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ် Noeleen Heyzer က ကုလညီလာခံမှာ တင်ပြပြောဆိုထား ပါတယ်။ - စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ ရှိနေမယ့် မြန်မာပြည်သူတွေက အကြမ်း မဖက်နည်းလမ်းတွေ ၊ လက်နက်စွဲကိုင်နည်းလမ်းတွေနဲ့ ဖိနှိပ်မှု တွေကို တွန်းလှန်နေရတယ်လို့ Noeleen Heyzer က ပြောပါတယ်။ -ဦးကျော်မိုးထွန်းကလည်း ကုလညီလာခံမှာ စစ်တပ်ရဲ့ လူမဆန်မှုတွေကို တင်ပြခဲ့ပြီး လူမဆန်တဲ့ စစ်အာဏာရှင်ကို မြန်မာပြည်သူတွေက ဆက်တော်လှန် သွားမယ်လို့ နိုင်ငံတကာကို အသိပေးထားပါတယ်။