ဘုတလင်မြို့အဝင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ (၂ဝ၂၃ မတ် ၁၅ ရက်)

Video By:  Myanmar Now News Posted On:  March 15, 2023

ဘုတလင်မြို့အဝင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ အရှေ့ဘက်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တစ်ခု(ကြောင်ပန်းဂိတ်)ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့(မတ် ၁၄) နံနက်ပိုင်းက ရုတ်တရက်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ စစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီတပ်ဖွဲ့များ ကင်းပုန်းဝပ်လေ့ရှိသည့် ပိတ်ထားသော Denko ဆီဆိုင်ကိုလည်း ကာကွယ်ရေးအဖွဲ့က မီးရှို့ဖျက်ဆီးလိုက်သည်။ စစ်သား ၂၀ခန့် တပ်စွဲထားသည့် ထိုနေရာကို MDF ဟု အတိုကောက်ခေါ်သော ရွှေဘိုခရိုင်တပ်ရင်း ၂၆နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သတင်း၊ တင်ဆက် - သူရမောင် (လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Tags:
#စစ်အာဏာရှင်  #ဘုတလင်မြို့  #ကြောင်ပန်းဂိတ်  #ကျောင်းသားလက်ရုံးတပ်တော်