နေရပ်စွန့်ခွာထွက်ပြေးဒုက္ခသည် ၁ ဒသမ ၆ သန်းရှိလာပြီး စစ်ကိုင်းတိုင်းမှ ပြည်သူများ အဆိုးဆုံး ကြုံနေရ (၂ဝ၂၃ မတ် ၁ဝ ရက်)

Video By:  Khit Thit Media Posted On:  March 10, 2023

မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ၁ ဒသမ ၆ သန်းရှိလာပြီး စစ်ကိုင်းတိုင်းမှ ပြည်သူများ အဆိုးဆုံး ကြုံနေရ By ရန်ကုန်ခေတ်သစ် -မြန်မာနိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေပြီး အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာလိုအပ်ချက်တွေလည်း မြင့်တက်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ထုတ်ပြန်ထားပါတယ်။ -နေရပ်စွန့်ခွာရသူတွေ၊ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအပါအဝင် သွားလာရေးနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ပိုမိုဖြစ်ပေါ်နေတယ်။ - နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေဟာ ရွှေ့ပြောင်းအခြေချစခန်းတွေနဲ့ ယာယီစခန်းတွေမှာ မရေမရာအခြေအနေတွေနဲ့ နေထိုင်နေကြရပြီး အများအားဖြင့် နီးစပ်ရာ တောတောင်တွေထဲမှာ တိမ်းရှောင်နေထိုင်နေကြရတာပါ။ -၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၆ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။ -ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၃ သန်းကျော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ပါတယ်။ -အများဆုံးအနေနဲ့ နိုင်ငံရဲ့ အနောက်မြောက်ဘက်ပိုင်းကဖြစ်ကာ နေရပ်စွန့်ခွာတိမ်းရှောင်သူဦးရေ ၉၁၅,၀၀၀ ရှိတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ -- Media Monitor Collective ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးကတည်းက အရပ်သားပြည်သူအိမ် ပေါင်း ၅၃,၇၈၆လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းထဲမှာ အိမ်အလုံးပေါင်း ၃၈၀၀၀ ကျော်နဲ့ အများဆုံး မီးရှို့ခံ ထားရပါတယ်။ - ဒါအပြင် လက်နက်ကိုင်ပဋိပက္ခကြောင့် အရပ်သား ပြည်သူ သေဆုံးမှု ၂၇၂၅ ရှိနေပြီး စစ်ကိုင်းတိုင်း မှာ သေဆုံးမှု ၂၀၄၇ ဦးနဲ့ အများဆုံးဖြစ်နေတယ်လို့ Media Monitor Collective က ထုတ်ပြန်ထားပါတယ်။ -အာဏာသိမ်းမှု နှင့် လက်နက်ပဋိပက္ခကြောင့် အရပ်သားပြည်သူ ဖမ်းဆီးထိန်းသိမ်းခံရမှုမှာ ၂၄,၀၆၅ ရှိနေပါတယ်လို့ Media Monitor Collective က ဆိုပါတယ်။ -ကုလသမဂ္ဂနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်း ပြည်သူတွေဟာ စစ်ဘေးဒုက္ခဒဏ်အများဆုံး ထိခိုက်ခံစားနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတာကို တွေ့ရပါတယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi