အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ နေအိမ် ၅၅၀၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ By ရန်ကုန်ခေတ်သစ် -စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းက နေအိမ် ၅၅,၄၈၄ လုံးကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar ရဲ့ အစီ အရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။ - Data for Myanmar ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း မှာနေအိမ်မီးရှို့ခံရတဲ့ပမာဏဟာ တစ်နိုင်ငံလုံးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရှိနေပြီး ၄၃,၂၉၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ -နေအိမ်မီးရှို့ခံရမှု ဒုတိယအများဆုံးက မကွေးတိုင်း ဖြစ်ပြီး နေအိမ် ၈,၈၆၃ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတာပါ။ -ချင်းပြည်နယ်မှာတော့ နေအိမ်ပေါင်း ၁၄၈၄ လုံးမီးရှို့ခံရပြီး တတိယအများဆုံးမီးရှို့ခံရတာကို စာရင်းတွေအရ သိရပါတယ်။ -အကြမ်းဖက်စစ်တပ်က ပြည်ပိုင်နေအိမ်တွေကို ဒေသခံကာကွယ်ရေးတပ်တွေကို မနိုင်တိုင်း မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်။ -ဒါအပြင် မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေး ကြေညာထားတာကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံရမှု အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုတွေ တိုးလာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။