မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်တပ် အသေများမှု၊ ပုန်ကန်မှု တွေနဲ့ စတင်ပြိုဆင်းလာ By ရန်ကုန်ခေတ်သစ် -အကြမ်းဖက်မင်းအောင်လှိုင် ခေါင်းဆောင်နေတဲ့ စစ်ကောင်စီတပ်တွေအတွင်း အင်အားပြုန်းတီးမှု ရာခိုင်နှုန်း မြင့်တက်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ - တိုက်ပွဲတွေအတွင်းမှာ သေဆုံးတာ တပ်မှ ထွက်ပြေးတာ တပ်မှ တရားဝင် ထွက်တာအပါအဝင် CDM ဝင်တာတွေ ကြောင့် မြင့်မားလာနေတာလည်းဖြစ်ပါတယ်။ - တပ်ရင်းတပ်ဖွဲ့အလိုက် စစ်သား အင်အားပြုန်းတီးမှု ရာခိုင်နှုန်းဟာ လအလိုက် မတူညီကြဘဲ ပျှမ်းမျှ ပြုန်းတီးမှု အင်အား ၂ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအကြား အတက်အကျရှိနေတယ်လို့ သိရပါတယ်။ - အာဏာသိမ်းကာလ ၂ နှစ်တာကာလအတွင်း ပြန်ကြည့်လျှင် စစ်သား ပြုန်းတီးမှုအင်အား ရာခိုင်နှုန်း ထိုးတက်မြင့် မားလာတာကို သိသိသာသာတွေ့ရတယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။ -အင်အား ပြုန်းတီးမှု ရာခိုင်နှုန်းများတဲ့ တိုင်းစစ်ဌာနချုပ် တပ်တွေထဲမှာ မပခ၊ နမခ၊ ရတခတပ်တွေက ရာခိုင်နှုန်း မြင့်မားတယ်လို့ ဆိုပါတယ်။ -တပ်ရင်းတပ်ဖွဲ့တွေဟာ စစ်ပြေးတွေ ရှိလာရင်လည်း အမှန်စာရင်း အတိုင်း မတင်ပြဘဲ လိမ်လည် တင်ပြကြပါတယ်။ -ဒါကြောင့် အင်အားပြုန်းတီးမှု ရာခိုင်နှုန်းမှာ လက်ရှိတွက်ချက်ထားတဲ့ နှုန်းထက် ပိုမို မြင့်မားနိုင်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။ -ဒုတိယဗိုလ်မှူးကြီး အဆင့် တပ်ရင်းမှူးတွေတောင် အမိန့်မနာခံဘဲ စစ်တိုက်ဖို့ငြင်းဆန် ပုန်ကန်လို့ ဖမ်းဆီးအရေးယူခံနေရပါတယ်။ စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာတွေ မူးယစ်ဆေးဝါးသုံးစွဲတာတွေနဲ့ တိုက်တိုင်း ရှုံး ၊ စစ်ကြောင်းထိုး တိုင်းသေ" အခြေအနေဖြင့် ဖရိုဖရဲ စတင် ပြိုကျ ပျက်စီးနေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကတော့ ပျော်ပွဲရွှင်ပွဲ ၊ မင်္ဂလာပွဲတွေ တက်ရောက်ကာ တပ်တွင်း စတင် ပြိုကွဲမှုများကို လျစ်လျူရှုထားတာကိုလည်း တွေ့ရပါတယ်။