“ပြောရမယ်ဆို တပ်ပျက်နေပြီ။ ဘာမှ မြေပြင်မှာ စိုးမိုးမှုမရှိဘူး။ သူတို့အားကိုးစရာက လေယာဉ်ပျံပဲ ရှိတယ်” အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ‘လေလှိုင်းအစိုးရ’ ဟု စစ်တပ်ဘက်က သမုတ်ထားသော်လည်း မြေပြင်တွင်မူ NUG အစိုးရအဖွဲ့ ဝန်ကြီးအချို့သည် လက်တွေ့ကွင်းဆင်းနေကြသည်။ NUG အစိုးရ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးနှင့် တာဝန်ရှိသူအချို့သည် မကြာသေးခင်က ကရင်ပြည်နယ်နှင့် ကရင်နီ(ကယား)ပြည်နယ်များသို့ သုံးပတ်ကြာ သွားရောက်လေ့လာခဲ့ကြသည်။ တော်လှန်ရေးအင်အားစုများ၏ မြေပြင်တွင် နယ်မြေစိုးမိုးထားနိုင်မှု၊ စစ်ဘေးရှောင်တို့၏ လိုအပ်ချက်များ အပါအဝင် သူနှင့် စကားပြောခွင့်ရခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများ၏ အခြေအနေများကို နော်ဆူဇန်နာလှလှစိုး က ယခုအင်တာဗျူးတွင် ပြောပြထားသည်။ မေးမြန်း၊ တင်ဆက် - အက်စတာဂျေ (လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)