Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ကရင်နီပြည်နယ်မှာ နေပြည်တော်ကို သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင် အမှတ် ၉ ကို ဖောက်ခွဲရှင်းလင်း လိုက်တယ်လို့ KNDF-အမှတ် ၁၁ တပ်ရင်း (ဖယ်ခုံ)က သတင်းထုတ်ပြန်ပါတယ်။ - မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေသွားတယ်လို့ Hawk Revolutionary Squad (HRS) တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။ - ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ကုန်းစံရဲဘက်စခန်းတာဝန်ခံ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော်ဟာ ပစ္စတိုနဲ့ မိမိကိုယ်ကို သေကြောင်းကြံစည်သွားတယ်လို့ အကျဥ်းဦးစီးဌာန သတင်းရင်းမြစ်ဆီက သိရပါတယ်။ - ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က နာမည်ကြီးညဈေးတန်းဖြစ်တဲ့ ခေါက်စန်လမ်းမှာ တရားမဝင် ဈေးရောင်းချနေတဲ့ မြန်မာအလုပ်သမား ၁၁ ဦး ဖေဖော်ဝါရီလ ၇ ရက် ညပိုင်းမှာ ဖမ်းဆီးခံ လိုက်ရ တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတေါကိုတင်ဆက်ပေးပါမယ်။