လွှတ်တော်အမတ်တစ်ဦး၏ စစ်ကြောရေးငရဲခန်း ၉ရက်တာ အတွေ့အကြုံ (၂ဝ၂၃ ဖေဖော်ဝါရီ ၇ ရက်)

Video By:  Myanmar Now News Posted On:  February 07, 2023

“ဓားပြ၊ သူခိုးတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုမျိုးနဲ့ ကြုံတွေ့ခဲ့ရတာ။ ‘မင်းလားကွ မောင်မောင်ဆွေ’ ဆိုပြီး နည်းမျိုးစုံနဲ့ နှိပ်စက်ကြတယ်” လွှတ်တော်အမတ်တစ်ဦး၏ စစ်ကြောရေးငရဲခန်း ၉ရက်တာ အတွေ့အကြုံ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ အသက် ၅၂နှစ်အရွယ် ဦးမောင်မောင်ဆွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားပြုပြီး နေပြည်တော်က မြို့နယ်လေးခုကနေ အမျိုးသားလွှတ်တော်အမတ်အဖြစ် ၂၀၁၅မှာကော၊ ၂၀၂၀မှာပါ ရွေးကောက်ပွဲနှစ်ကြိမ်ဆက် အနိုင်ရခဲ့သူပါ။ နေပြည်တော်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အစောပိုင်းကာလတွေကတည်းက ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ၂၀၂၁မတ်လကုန်ပိုင်းမှာတော့ CDM ဝန်ထမ်းဖြစ်တဲ့ သူ့ဇနီးနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ ပုဒ်မ ၅၀၅(က)နဲ့ ထောင် ၂နှစ်ချမှတ်ခံရပြီး ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁၇ရက်နေ့မှာ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီးတော့ လက်ရှိ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေပါပြီ။ ၉ရက်ကြာ နေထိုင်ခဲ့ရတဲ့ နေပြည်တော်စစ်ကြောရေးမှာ လူမဆန်အောင် နှိပ်စက်ခံခဲ့ရတယ်လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။ မန္တလေးတိုင်းမဲဆန္ဒနယ် အမှတ် ၉က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း၊ တင်ဆက် - စထွန်းအောင် (လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ShweTube, Collection of Myanmar Youtube Videos