Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Video By:  Khit Thit Media Posted On:  February 07, 2023

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ရှမ်းပြည်နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်အဖွဲ့က စစ်သားအဖြစ် ဖမ်းဆီးစုဆောင်း ထားတဲ့ ကလေးငယ်တွေအပါအဝင် တအောင်းလူမျိုး ၁၂၇ ဦးကို TNLA က ကယ်ထုတ်နိုင်ပြီဖြစ်တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ - ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဇရပ်ဖြူရွာလမ်းပိုင်းမှာ ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က အိမ်စီကားတစ်စီး မိုင်းနင်းမိကာ ယာဉ်ပေါ် အမျိုးသား ၄ ဦး သေသွားတယ်လို့ ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်းဆီက သိရပါတယ်။ - မွန်ပြည်နယ်၊‌ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခမရ ၅၄၅ တပ်ရင်းက ဗိုလ်ကြီး မြတ်သူကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်းပေးလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi