Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Video By:  Khit Thit Media Posted On:  February 03, 2023

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ - စစ်ရာဇဝတ်မှု နဲ့ လူမျိုးတုန်းသတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီတပ်ကို ICC တရား ရုံးပို့ဆောင်ရေး နဲ့ ICJ တရားရုံး မှာ တရားစွဲဆိုထားမှုတွေမှာ ဦးဆောင်ပါဝင်ဖို့ ဥရောပသမဂ္ဂ နဲ့ ဥရောပနိုင်ငံတွေကို အဖွဲ့ပေါင်း ၆၁ ခုကနေ စာပေးပို့ တောင်းဆို လိုက်တယ်လို့ သိရပါတယ်။ -စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တံတားဦးရွာကို ဇန်နဝါရီလ ၂ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ တပ်ကနေ ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံး ခဲ့ရတယ်လို့ တိုက်နယ်စွန် PDF အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။ -ကရင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တော်လှန် ရေးတပ်ဖွဲ့တွေအတွက် ဌာနဆိုင်ရာ ဝန်ထမ်းတွေကနေ လိုင်စင်မဲ့ ကားတွေနဲ့ လက်နက်တွေ သယ်ယူ ပေးနေတယ်ဆိုပြီး စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီး ချုပ် စောမြင့်ဦးကနေ ပြောဆို လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi