အရှိန်မြင့်လာတဲ့ တပ်တွင်း ပုန်ကန်မှု တွေကြောင့် မင်းအောင်လှိုင် စစ်တပ် ပြိုကွဲဖို့ နီးလာပြီလား (၂ဝ၂၃ ဇန်နဝါရီ ၃၁ ရက်)

Video By:  Khit Thit Media Posted On:  January 31, 2023

ဒုဗိုလ်မှူးကြီးအဆင့် အရာရှိကိုပါ ပစ်သတ်သည်အထိ အရှိန်မြင့်လာတဲ့ တပ် တွင်း ပုန်ကန်မှု တွေကြောင့် မင်းအောင်လှိုင် စစ်တပ် ပြိုကွဲဖို့ နီးလာပြီလား By ရန်ကုန်ခေတ်သစ် -အကြမ်းဖက်မင်းအောင်လှိုင် စစ်အာဏာသိမ်းလိုက်ချိန် စစ်တပ်အတွင်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အရာရှိတွေ စစ်သည်တွေ အမြောက်အမြားရှိနေခဲ့ကြပါတယ်။ -၂၀၂၁ ခုနှစ် အာဏာသိမ်းကာလကနေ ဒီနေ့အထိ CDM ဝင်ကြတာ၊ တပ် ထဲ ကနေ ထွက်ပြေးကြတာ အပါအဝင် စစ်တပ်ကို စွန့်ခွာသွားတဲ့ စစ်သည် နဲ့ အရာရှိ အရေအတွက် ၃ သောင်းနီးပါးရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တပ်ကို မစွန့်ခွာ၊ ထွက်မပြေး၊ CDM မဝင်နိုင်ပေမယ့်လည်း တပ်တွင်းသတင်းတွေကို ပြင်ပ ထုတ်ပေးတဲ့ ဖရဲသီးတွေလည်း မြောက်မြားစွာရှိခဲ့ပါတယ်။ အခွင့်အရေး ရတာနဲ့ တပ်တွင်း ပုန်ကန်မှုတွေ လုပ်ဖို့ ပြင် ဆင်ကြိုးစားမှုတွေရှိခဲ့ပြီး အခုအခါမှာတော့ တပ်တွင်း ပုန်ကန် မှု တွေက ပုံစံအမျိုးမျိုးနဲ့ လူထုရှေ့မှောက်ကို ရောက်ရှိလာနေပါတယ်။ ဇန်နဝါရီ ၂၉ ရက်က ပြင်ဦးလွင်၊ စစ်တပ် ဆက်သွယ်ရေးနဲ့ အီလက်ထရောနစ်သင်တန်းကျောင်း ဒုကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုးအောင် ကို စစ်သည် ၁ ဦးက သေနတ်နဲ့ ၂ ချက် ပစ်သတ်လိုက်ပါတယ်။ ပစ်သတ်မှုဖြစ်စဉ်က တပ်တွင်း ပုန်ကန်မှု စစ်တပ်က သတင်းမပေါက်ကြားစေဖို့ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ အမှောင်ချခဲ့ပေမယ့်လည်း တပ်တွင်း ဖရဲသီး တွေ ကြောင့်ပဲ သတင်းပေါက်ကြား ဖော်ပြနိုင်ခဲ့ပါတယ်။ ပြင်ပကို သတင်းမထွက်လာတဲ့ တပ်တွင်းပုန်ကန်မှုတွေ များစွာရှိခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး အဆင့် အရာရှိကြီးကို စစ်သည် ၁ ဦးက ပစ်ခတ်သတ်ဖြတ် တဲ့ အထိ တပ်တွင်းပုန်ကန်မှုတွေ အရှိန်တက်လာနေတာလည်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တပ်တွင်းပုန်ကန်မှု သတင်းတွေ ပြန်လည်စာရင်း ကောက်ယူရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တပ်တွင်းပုန်ကန်မှုတွေ ဖြစ်ပေါ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ -ရန်ကုန် သန်လျင် စစ်ပင်ကွင်းရွာမှာ စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်သား ၇ ဦးကို စစ်သားနှစ်ဦးကပစ်သတ်မှု၊ မြစ်ကြီးနား က တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်သား ၈ ဦးကို အရာခံဗိုလ်က ပစ်သတ်မှုတို့ဖြစ်ပါတယ်။ -စစ်တပ်က တပ်တွင်းပုန်ကန်မှုတွေ မဖြစ်ဖို့ ၊ CDM တွေ မလုပ်ကြဖို့ အရာရှိ၊ စစ်သည် တပြေးညီ ထမင်း၀ိုင်းတွေကို စီမံချက်နဲ့ တပ်တွေထဲမှာ လိုက်လုပ်နေပေမယ့်လည်း အရာရာက နောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။ -မင်းအောင်လှိုင်ရဲ့ သမ္မတရူး ရူးနေတဲ့ ဆန္ဒကြောင့် အာဏာသိမ်းခဲ့ရာက ပြည်သူတွေနဲ့ စစ်တပ်အကြားမှာ ရန်သူဖြစ် လာနေတာ၊ နေ့စဉ် စစ်သားတွေ သေဆုံးနေတာ၊ စစ်မှုထမ်းဟောင်းနဲ့ စစ်သား အသိုင်းအဝိုင်း တွေ လုံခြုံမှု မရှိတော့ တာတွေကြောင့် တပ်တွင်းပုန်ကန်မှုတွေ ဒီထက် ပိုမို များပြားလာဖို့ ရှိနေပါတယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi