“အမှုကို လက်ခံလိုက်ရင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် ကျူးလွန်သူ မှန်သမျှ မြန်မာနိုင်ငံ ပြင်ပ ထွက် တာနဲ့ အင်တာပိုလ်နဲ့ ဖမ်းဆီးနိုင်တာမျိုး ကျနော် တို့က စောင့်ကြည့်သွားမယ်” Fortify Rights မှ ဒါရိုက်တာဘုတ်အဖွဲ့ဝင် နစ်ကီဒိုင်းမွန်းနှင့်တွေ့ဆုံမေးမြန်းခြင်း By ရန်ကုန်ခေတ်သစ် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေကို လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုများ အတွက် အရေးယူရန် ဂျာမနီနိုင်ငံမှာ တိုင်ကြားချက် ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီတိုင်ကြားချက်ကို ဂျာမနီနိုင်ငံက လက်ခံရင် အင်တာပိုလ်မှ တစ်ဆင့် မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဖမ်းဆီး အရေးယူနိုင်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights ကတိုင်ကြားလိုက်တာဖြစ်ပါတယ်။ ဘယ်လိုတွန်းအားတွေကြောင့် တိုင်ကြားရတာလဲဆိုတာလဲ၊တိုင်ကြားချက်အခြေအနေကရော ဘယ်လိုရှိလဲနေလဲ။ ဘယ်သူတွေအရေးယူခံရနိုင်လဲအပါအဝင် နောက်ဆက်တွဲအခြေအနေတွေ ဘယ်လိုရှိလာနိုင်လဲဆိုတာကို သိရအောင် Fortify Rights မှ ဒါရိုက်တာဘုတ်အဖွဲ့ဝင် နစ်ကီဒိုင်းမွန်း ကိုဆက်သွယ်မေးမြန်းထားပါတယ်။