အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက နိုင်ငံအနှံ့ ပြည်သူပိုင်နေအိမ်များကို ဆက်တိုက်လိုက်လံ မီးရှို့ဖျက်ဆီးနေ By ရန်ကုန်ခေတ်သစ် -စစ်ကောင်စီက နိုင်ငံအနှံ့က ပြည်သူ့နေအိမ်တွေကို ဆက်တိုက် လိုက်လံ မီးရှို့ဖျက်ဆီးနေပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ နေအိမ်ပေါင်း တစ်သောင်းနီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ -အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးမီးရှို့ခံရပြီး နေအိမ် ၈၇၈၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။ -ဒုတိယအများဆုံးမီးရှို့ဖျက်ဆီးခံရတာကတော့ မကွေးတိုင်းဖြစ်ပြီး နေအိမ် ၇၅၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာကို တွေ့ရပါတယ်။ -မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်ဟာ ခုခံတွန်းလှန်မှု အားကောင်းတဲ့ဒေသတွေကို မီးရှို့ကာ အကြမ်းဖက်မှုနဲ့ တုန့်ပြန်တာကို ၂၀၂၁ မေလ ကစပြီး ဆက်တိုက် ပြုလုပ်ခဲ့တာပါ။ -၂၀၂၁ မေလကနေ ၂၀၂၂ ဒီဇင်ဘာဘာလကုန်အထိ နေအိမ်ပေါင်း ငါးသောင်းခန့်( ၄၈၄၆၃လုံး) မီးရှို့ဖျက်ဆီးခံ ခဲ့ရတယ်လို့ Data For Myanmarရဲ့ အချက်အလက်တွေအရ သိရပါတယ်။ - စစ်ကိုင်းတိုင်းမှာ ၃၆,၆၆၇ လုံး၊ မကွေးတိုင်းမှာ ၈,၅၇၅ လုံး၊ ချင်းပြည်နယ်မှာ ၁,၄၇၅ လုံးနဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၁,၇၄၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ၂၀၂၂ ဒီဇင်ဘာလဟာ ပြည်သူပိုင်နေအိမ် အများဆုံးမီးရှို့ခံခဲ့ရတဲ့လဖြစ်ပြီး မေလမှာတော့ နေအိမ်ပေါင်း ၆၇၂၄ လုံး မီးရှို့ခံရပြီး ဒုတိယအများဆုံးဖျက်ဆီးခံရတဲ့လဖြစ်ပါတယ်။ -အင်တာနက်နဲ့ ဖုန်းလိုင်း ဖြတ်တောက်ထားတဲ့အတွက် တည်ပြုဖို့ခက်ခဲနေတဲ့ဒေသတွေရဲ့ အချက် အလက်တွေ ကျန်နေပြီး မြေပြင်မှာတကယ် မီးရှို့ခံရတဲ့စာရင်းက အခုထက်တောင် ပိုများနိုင်ပါတယ်။