ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စုစုပေါင်း ထောင် ၃၃နှစ်ချ

Video By:  Myanmar Now News Posted On:  December 30, 2022

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်းများစွာဖြင့် အမှုပေါင်း ၁၉ မှုအထိ တရားစွဲဆိုခဲ့သည့် စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ပြည်လုနီးပါးအချိန်တွင် လက်ကျန်ငါးမှုအတွက် ယနေ့၌ (ဒီဇင်ဘာ ၃၀) ထောင် ၇ နှစ် အပြီးသတ်ချလိုက်သည်။ အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌကို စစ်ကောင်စီက ထောင်ဒဏ်နှစ် ၂၀၀ ကျော်အထိ ချမှတ်နိုင်သော ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကာ အမှုပေါင်း ၁၉ မှုအတွက် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်ကြောင်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။​ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှ အခြားနေရာပြောင်းရွှေ့ရန်ရှိပြီး နေရာအတိအကျ မသိရသေးပေ။ သတင်း၊ တင်ဆက် - အောင်ဇေ၊ ဟန်သစ် (လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Tags:
#စစ်အာဏာရှင်  #ဒေါ်အောင်ဆန်းစုကြည်  #ထောင် ၃၃နှစ်