ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်းများစွာဖြင့် အမှုပေါင်း ၁၉ မှုအထိ တရားစွဲဆိုခဲ့သည့် စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ပြည်လုနီးပါးအချိန်တွင် လက်ကျန်ငါးမှုအတွက် ယနေ့၌ (ဒီဇင်ဘာ ၃၀) ထောင် ၇ နှစ် အပြီးသတ်ချလိုက်သည်။ အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌကို စစ်ကောင်စီက ထောင်ဒဏ်နှစ် ၂၀၀ ကျော်အထိ ချမှတ်နိုင်သော ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကာ အမှုပေါင်း ၁၉ မှုအတွက် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်ကြောင်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှ အခြားနေရာပြောင်းရွှေ့ရန်ရှိပြီး နေရာအတိအကျ မသိရသေးပေ။ သတင်း၊ တင်ဆက် - အောင်ဇေ၊ ဟန်သစ် (လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)