မူးယစ်ဆေးဝါး လုပ်ငန်းတွေမှာ စစ်ခေါင်းဆောင် ပါဝင်ပတ်သက်နေတာလား (၂ဝ၂၃ ဇန်နဝါရီ ၁၆ ရက်)

Video By:  Khit Thit Media Posted On:  January 16, 2023

မင်းအောင်လှိုင်မိသားစုပိုင် ဘဏ်စာအုပ်နှင့်တိုက်ခန်းများ မူးယစ်ရာဇာ ထွန်းမင်းလတ်ထံမှ သိမ်းဆည်းမှု မူးယစ်ဆေးဝါး လုပ်ငန်းတွေမှာ စစ်ခေါင်းဆောင် ပါဝင်ပတ်သက်နေတာလား By ရန်ကုန်ခေတ်သစ် -မူးယစ်ဆေးဖြန့်ချိရောင်းချမှုနဲ့ထွန်းမင်းလတ်ကို ဖမ်းဆီးရာမှာ မင်းအောင်လှိုင် ရဲ့ သားဖြစ်သူပိုင်ဆိုင်တဲ့ ကွန်ဒိုခန်းပိုင်ဆိုင်မှုအထောက်အထားနဲ့ သမီးဖြစ်သူရဲ့ ဘဏ်စာအုပ်တွေကို ထိုင်းရဲတွေက တွေ့ရှိခဲ့ပါတယ်။ - ထွန်းမင်းလတ်ရဲ့ လက်ဝယ်မှာ အောင်ပြည်စုံပိုင်ဆိုင်တဲ့ ဘတ် ၃၃သန်းတန် အိပ်ခန်း လေးခန်းပါ ဇိမ်ခံကွန်ဒို အခန်းအတွက် ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို သိမ်းဆည်းရမိတာဖြစ်ပါတယ်။ - မင်းအောင်လှိုင်ရဲ့ သမီးခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Siam Commercial Bank ငွေစုစာအုပ်နှစ်အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ပါသေးတယ်။ -ထွက်ပေါ်လာတဲ့ အထောက်အထားတွေအရ ထွန်းမင်းလတ် နဲ့ မင်းအောင်လှိုင်မိသားစုဟာ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ပြီး ငွေမည်းခဝါချနေတာလားဆိုတာ မေးခွန်းထုတ်စရာပါ။ - ထိုင်းနိုင်ငံဟာ စစ်ခေါင်းဆောင်တွေရဲ့ အကျင့် ပျက်ခြစားမှုတွေကရတဲ့ တရားမဝင်အမြတ်ငွေတွေ သိုဝှက်ထားဖို့နေရာတစ်ခုအဖြစ် ရှိနေတဲ့အချက်ဟာ ထင်ရှား ပေါ် လွင်နေပါတယ်။ - စစ်အုပ်စုကို နိုင်ငံတကာဘဏ္ဍာရေးစနစ်ကိုသုံးပြီး ကန့်သတ်ဖို့ကြိုးပမ်းတဲ့ ဒဏ်ခတ် ပိတ်ဆို့တာတွေ နဲ့ အခြားသောအရေးယူမှုတွေ ရှိနေတဲ့ကြားက ခုလို လုပ်ကိုင်ခွင့်ရနေကြတာပါ။ -စစ်အုပ်စုအဖွဲ့ဝင်မိသားစုတွေနဲ့ အားပေးပံ့ပိုးနေကြတဲ့ ဒေါက်တိုင်တွေက ထိုင်းမှာ ဘဏ်တွေကိုအသုံးပြုနေတာ နဲ့ပိုင်ဆိုင်မှုတွေ ဝယ်ယူတာကို ပိတ်ပင်တားဆီးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုထားကြပါ တယ်။ - မြန်မာစစ်ရာဇဝတ်ကောင်တွေရဲ့ ခိုးရာပါပစ္စည်းတွေကို အရေးယူခံရခြင်းလွတ်ကင်းစွာနဲ့ သိုဝှက် သိမ်းဆည်းတဲ့ နေရာမဖြစ်အောင်လုပ်ဖို့ ထိုင်းနိုင်ငံကို ဖိအားပေးဖို့လည်း လိုအပ်နေပါတယ်။ -တစ်ဖက်မှာလည်း မင်းအောင်လှိုင်အပါအဝင်စစ်ခေါင်းဆောင်တွေဟာ မူးယစ်ရာဇာတွေနဲ့ ပတ်သက်ဆက်စပ် အလုပ်လုပ်ကိုင်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့သက်သေတစ်ခု ထွက်ပေါ်လာတာ လည်းဖြစ်ပါတယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi