မင်းအောင်လှိုင်က ရိုက်ချိုးဖျက်ဆီးလိုက်သည့် မြန်မာလူငယ်များ၏ အနာဂတ် (၂ဝ၂၃ ဇန်နဝါရီ ၁၁ ရက်)

Video By:  Khit Thit Media Posted On:  January 11, 2023

မင်းအောင်လှိုင်က ရိုက်ချိုးဖျက်ဆီးလိုက်သည့် မြန်မာလူငယ်များ၏ အနာဂတ် By ရန်ကုန်ခေတ်သစ် ပြည်တွင်းမှာသာမက ပြည်ပမှာပါ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရပ်ဆိုင်းဖို့ မင်းအောင်လှိုင်ကအမိန့် ဒီဇင်ဘာလတတိယအပတ်မှာ ထုတ်ပြန်လိုက်ပါတယ်။ - NUG နှင့် PDF ရှင်သန်ရပ်တည်မှုဟာ ပြည်ပရောက် မြန်မာတွေရဲ့ထောက်ပံ့နေတာကြောင့်လို့ မင်းအောင်လှိုင်က အစည်းအဝေးတွေမှာ သုံးသပ်ပြောဆိုပြီးနောက် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုတွေကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ - လက်ရှိ ပြည်တွင်းမှ ထောက်ပံ့နေတဲ့ လမ်းကြောင်းအားလုံးနီးပါး စစ်တပ်က ထိန်းချုပ်နိုင်ပေမယ့် ပြည်ပရောက် မြန်မာတွေရဲ့ အထောက် အပံ့နဲ့ လှူဒါန်းမှုကို မရပ်တန့်နိုင်တာကိုတွေ့ရပါတယ်။ -ဒါကြောင့်ပဲ ပြည်ပထွက်ခွာ နေမှုတွေကို စိစစ်တား မြစ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို စစ်ကောင်စီက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ -အဲဒီညွှန်ကြားချက်ကပဲ နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု လုပ်ငန်းတွေ ရပ်ဆိုင်း သည်အထိ သက်ရောက်မှုရှိ လာတာဖြစ်ပါတယ်။ -လက်ရှိမှာတော့ နိုင်ငံခြားထွက် အလုပ်လုပ်၊ ပညာသင်မယ့် မြန်မာလူငယ်တွေ ထောင်သောင်းချီ ပြည်တွင်းမှာ ပိတ်မိနေပါတယ်။ -ဒါ့အပြင် ပြည်ပထွက် ဆေးကုမယ့် သက်ကြီးရွယ်အိုတွေလည်း ဒုက္ခပေါင်းစုံကြုံတွေ့နေရပါတယ်။ - မင်းအောင်လှိုင်က သူ့အာဏာတည်မြဲရေးအတွက် တစ်နိုင်ငံလုံး ပြည်သူတွေကို ဖိနှိပ်နေရုံမက အနာဂတ်မျိုးဆက်သစ် တွေရဲ့ ပြည်ပထွက်ခွင့် လူ့အခွင့်အရေး အခွင့်အလမ်းကိုလည်း ရိုက်ချိုးပစ်လိုက်ပါတယ်။ -မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတဲ့ မင်းအောင်လှိုင်က လူငယ်တွေကို သူ့လက်အောက်မှာ ပိတ်ဆို့ပြီး ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေး စီးပွားရေးနဲ့ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေပြီ ဖြစ်ပါတယ်။ -လက်ရှိမှာတော့ ထိုင်းနဲ့မလေးရှားနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ထွက်ခွာနေကြတဲ့ လူငယ်နဲ့ ပြည်သူအရေအတွက် တစ်နေ့တစ်ခြားတိုးမြင့်လာနေပြီး နယ်စပ်မှာ ဖမ်းဆီးခံရမှုတွေလည်း များပြားလာနေပါတယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi 

ShweTube, Collection of Myanmar Youtube Videos