“မတိုးတက်ဘူးဆိုရင် နောက်တစ်ဆင့်ပေါ့။ နောက်တစ်ဆင့်ဆိုတဲ့ဥစ္စာမှာ ဘယ်အတိုင်းအတာထိ မြန်မြန်သွား နိုင်မလဲ ဆိုတာ က မြေပြင်မှာ ဖြစ်ပေါ်မှု ရယ် ကျနော်တို့ကို ထောက်ခံနေတဲ့ နိုင်ငံတွေရဲ့ ခိုင်ခိုင်မာမာရပ်တည်ပြီး တွန်းအား ပေးမှု တွေ ကတော့ အများကြီး အဓိက Factor တွေဖြစ်လာမယ်လို့ သုံးသပ်ပါတယ်။ မလုပ်ရင် တော့ မလုပ်သလိုတော့ လုံခြုံရေးကောင်စီက ဒီအတိုင်း ရပ်ကြည့်နေမှာမဟုတ်ဘူးလို့တော့ သုံးသပ်ပါတယ်။” ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံခြင်း အပိုင်း(၁) By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီဟာ နေ့စဉ်ဆိုသလို အကြမ်းဖက်သတ်ဖြတ်မှုတွေ ရွာလုံကျွတ်မီးရှို့မှုတွေအပါအဝင် လူသားမျိုးနွယ်စုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကြောင့် နိုင်ငံတကာကပြစ်တင် ရှုတ်ချ နေပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ နှစ်ပေါင်း ၇၀ ကျော်အတွင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပထမဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ ဒီလို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ နိုင်ငံတကာက ပြစ်တင် ရှုတ်ချမှု တွေ ဖိအားတွေအပေါ် စစ်ကောင်စီဟာ ထိပ်တိုက်တွေ့ရေး လမ်းစဉ်နဲ့ တုံ့ပြန်နေတာကိုတွေ့ရပါတယ်။ ဒီလို အခြေအနေနဲ့ပတ်သက်လို့ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေ ၊ ကုလသမဂ္ဂက မြန်မာပြည်သူတွေကို ပေးနိုင် မယ့်အကူအညီတွေ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် အသိမှတ်ပြုမှုတွေ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့တွေ့ဆုံမေးမြန်းထားပါတယ်။