သီတဂူ ပြောဆိုချက် ပဋိပက္ခဖြစ်ဖို့ မီးမွှေးနေတာလား

Video By:  Khit Thit Media Posted On:  December 30, 2022

ဘာသာခြား၏ လုပ်ကြံမှုကို စိုးရိမ်၍ မြတ်စွာဘုရားက သံဃာ ၅၀၀ ခြံရံ ကြွချီဟု သီတဂူ ပြောဆိုချက် ပဋိပက္ခဖြစ်ဖို့ မီးမွှေးနေတာလား(ရုပ်/သံ) By ရန်ကုန်ခေတ်သစ် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက သံဃာတော် ၅၀၀ ခြံရံ ကြွချီ တော်မူခဲ့မှုသည် ဘာသာခြားများက အသက်အန္တရာယ်ကို လုပ်ကြံမည့်အရေး စိုးရိမ်၍ ဖြစ်သည်ဟု သီတဂူ ပြောဆိုချက်မှာ လွဲမှားနေပြီး ဘုရား ဟော လည်း မဟုတ်ကြောင်း ဆရာတော်မင်းသုညက မိန့်ကြားသည်။ သီတဂူက ဒီဇင်ဘာလ ၂၄ ရက်နေ့ အိန္ဒိယနိုင်ငံ၊ ဂယာမြို့၊ မဟာဗောဓိ ပရဟိ တ မြန်မာကျောင်းတွင် မြတ်စွာဘုရားသည် အသက်အန္တရာယ် လုပ်ကြံ မည့်အ ရေး စိုးရိမ်၍ သံဃာတော် ၅၀၀ အမြဲတမ်းခြံရံ ကြွချီ လှည့်လည်တော်မူသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ "မြတ်စွာဘုရား သံဃာတော် ၅၀၀ နဲ့ခရီးလှည့်တယ်။ အဲဒီသံဃာတော် ၅၀၀ နဲ့ခရီး လှည့်တယ်ဆိုတာက ပဋိကတ်မှာ နေရာတိုင်းပဲ။ ဘုရားခရီးထွက်ရင် တစ်ပါး၊ နှစ်ပါးတည်းနဲ့ခရီးသွားတာက စိတ်ပျက်လို့ ခရီးထွက်သွား တာပဲရှိ တယ်။ စိတ်ပျက်လို့ ဆိုတာ ထည့်ပြောတာပါ။ ဘုရား စိတ်ပျက်လို့ ဆိုတာ ဘယ်ရှိမလဲ။ စိတ်ပျက်စရာကောင်းလောက်အောင် ရန်ဖြစ်ကြတယ်။ အဲဒီလို တစ်ပါးတည်းထွက်သွားတာက အဲဒီလောက်ပဲရှိတယ်။ အခု မြတ်စွာဘုရားက သံဃာတော် ၅၀၀ နဲ့သွားတယ်ဆိုတာက နေရာတကာ တွေ့တယ်။ စာမှာ တိတိ ကျကျ မပါဘူး။ ဘယ်မှ မပါဘူး။ ဘာသာရေး ဂိုဏ်းတွေက Religious School တွေက ဘုရား ထက်စောပြီးတော့ အများကြီးပေါ်နေပြီးပြီ။ ဘုရားနဲ့ခေတ်ပြိုင် ဘာသာရေးဂိုဏ်းတွေက အများကြီး။ မြတ်စွာဘုရားကို လုပ်ကြံတာတွေက ပြိုင်ဘက် ဘာသာရေးဂိုဏ်းတွေက လုပ်ကြံတာတွေ။ သေတဲ့အထိ Assassinate လုပ်ကြတာ။ အဲဒါကြောင့် စွပ်စွဲမှုတွေ၊ ရုန်းရင်းဆန်ခတ် ဖြစ် အောင် လုပ်တာတွေ သတ်ဖြတ်မှုတွေ လုပ်ကြံမှုတွေ ရှိနေတဲ့အတွက် ကြောင့် ဘုရားက ခရီးသွားရင် သံဃာ ၅၀၀ ခေါ်သွားတာက သူရဲ့ အန္တရာယ် ကာကွယ်ဖို့ Protection ဖြစ်ရမယ်လို့ တွေးကြည့်တာပေါ့" ဟု သီတဂူက ပြောဆိုသည်။ သီတဂူသည် ဘုရားဟောမဟုတ်သော ပဋိကတ်တွင် မပါသော အကြောင်း အရာ များကို ဟောပြောနေပြီး အဓမ္မကို ဓမ္မအဖြစ် ပြောဆိုနေကြောင်း ၊ မြတ်စွာ ဘုရားတို့မည်သည် သူတစ်ပါး ပယောဂဖြင့် ပျံလွန်တော်မူရိုး ထုံးစံ မရှိဟု ဘုရားရှင်ကိုယ်တိုင် မိန့်ဆိုခဲ့ကြောင်း၊ သီတဂူသည် ဘာသာရေး ပဋိပက္ခဖြစ်စေရန် ဦးတည်ပြောဆိုမှုအဖြစ် မှတ်ချက် ချနိုင်ကြောင်း ဆရာတော်မင်းသုညက ထောက်ပြ သည်။ "သီတဂူအခု ဒီလိုပြောတာက လုပ်ကြံပြီးပြောတာပါ။ ဘုရားက တစ်ပါးတည်း ကြွတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ အင်္ဂလိမာလလို ဓားထမ်းပြီးတော့ အမေကို လိုက်နေတဲ့နေရာတောင်မှပဲ မြတ်စွာဘုရား တစ်ပါးတည်းသွား ပြီး တော့ တရားဟောတာလည်း အားလုံးအသိပါပဲ။ ရောဟိနီမြစ်ကို အကြောင်း ပြုပြီးတော့ မင်းညီမင်းသားတွေ ရေလုတဲ့ ပြဿနာမှာလည်း တစ်ပါးတည်း သွားပြီးတော့ ဟောတာပါ။ ပြောချင်တာက တစ်ပါးတည်းသွားတဲ့ သာဓကတွေ အများကြီးပဲရှိပါတယ်။ မြတ်စွာဘုရားက ရဟန်းသံဃာတွေနဲ့ အခြွေအရံ ကြွ တာ က ဆွမ်းခံကြွတာတို့ ဒီလိုမျိုးတွေပဲရှိပါတယ်။ သူပြောသလို အခြံအရံ တွေနဲ့ ဘာသာခြားတွေက လုပ်ကြံမှာစိုးလို့ ကြွတာက ဘုရားရဲ့ ပဋိကတ်သုံးပုံ တွေကော အဌာကထာတွေရောမှာ ဘယ်နေရာမှ မရှိပါဘူး။ ဘာကိုရည်ရွယ် နေလဲ ဆိုတာကတော့ သူက ဘာသာခြားတွေကို တိုက်ခိုက်နေတာ ကြာခဲ့ပြီ။ ဘာသာခြားတွေကြောင့် စိုးရိမ်ရတယ်ဆိုတဲ့ အခြေအနေနဲ့ သူ့ရဲ့ ကြောက်စိတ် အခုဆိုလိုရှိရင် သူက စစ်တပ်နဲ့ဝန်းရံပြီးသွားတဲ့ဟာတွေကိုလည်း ဦးဇင်းတို့ ကြားရတယ်။ ပြီးတော့ သံဃာတွေ ဝန်းရံပြီးသွားနေတာလည်း ကြားရတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး သူ မီးမွှေးခဲ့တာကြာခဲ့ပြီ။ အိမ်ရှင် ဧည့်သည်ဆိုပြီး အစ္စလမ်ဘာသာဝင်တွေ မုန်းတီးရေး သူလုပ်ခဲ့တာ။ မဘသအဖွဲ့အစည်းမှာ လည်း သူက နာယက အဖြစ် ပါဝင်ခဲ့တာ အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ ဗုဒ္ဓမြတ်စွာဘုရား ဟောထားတဲ့အထဲမှာ အဓမ္မကို ဓမ္မအဖြစ် ဟောတာ အပြစ် အကြီးဆုံးပဲ" ဟု ဆရာတော်မင်းသုညက ရှင်းပြသည်။ သီတဂူသည် ဒကာဖြစ်သော မင်းအောင်လှိုင်ကို ကာကွယ်သည့်အနေဖြင့် ပြော ဆို နေခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ကြောက်စိတ်ဖြစ်နေသည်ဟု ဆရာ တော် မင်းသုညက ဆက်လက် မိန့်ကြားသည်။ "ဘုရားက မဟောခဲ့တဲ့ အရာကို ဘုရားဟောသလို လိုနဲ့ ပြည်သူတွေကို ထင် ယောင် ထင်မှား ဖြစ်အောင်လုပ်တာက တော်တော်ကြီးကိုဆိုးပါတယ်။ မြတ်စွာ ဘုရား တို့မည်သည် သူတစ်ပါး ပယောဂနဲ့ ပျံတော်လွန်တော်မူရိုး ထုံးစံမရှိဘူး လို့ ဘုရားကလည်း အထင်အရှား ဟောထားခဲ့တဲ့ ပဋိကတ် စာပေတွေ အများ ကြီး ရှိပါတယ်။ အခု သူဒီလိုလုပ်တာက ဦးဇင်းကြည့်လိုက်တာကတော့ ၂ ချက် ပေါ့။ သူကနေပြီးတော့ သဒ္ဓါ ပညာနဲ့ပြည့်စုံသောဆိုပြီး သူမြှောက်ပေးတဲ့ သူရဲ့ ဒကာကြီး မိစ္ဆာကောင် မင်းအောင်လှိုင် ကို အခြွေအရံတွေနဲ့ စစ်တပ်တွေနဲ့ သွား နေတာကို ကာဗာလုပ်ပြီးတော့ မင်းအလိုလိုက် ဖားပြောတာပါသလို သူ ကိုယ် တိုင် ကလည်း ယနေ့ သူ့ကို ဘယ်သူကမှ လက်မခံလာတဲ့အခါမှာ သူရဲ့ စိုးရိမ်မှု ကြောက်ရွံ့မှုတွေနဲ့ စစ်တပ်က သူ့ကို လုံခြုံရေး ပေးစေချင် တာရယ်။ ပြီးတော့ သံဃာတော်တွေ အများကြီးနဲ့ ကြွသွားချင်တာ ရယ်။ သူ့ကိုယ်သူ ကြောက်လန့် ပြီးတော့ ကာဗာယူပြီးတော့ ပြောတဲ့စကားလို့ ဦးဇင်းကတော့ မြင်ပါတယ်" ဟု ဆရာတော်မင်းသုညက မိန့်ကြားသည်။ ဓာတ်ပုံ- သီတဂူနှင့်မင်းအောင်လှိုင်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi