ကုလသမဂ္ဂ၊ အမေရိကန်နှင့်ဗြိတိန်ကို ထိပ်တိုက်ရင်ဆိုင်ရေး စစ်ကောင်စီက ရွေးချယ်နေ၍ အကြမ်းဖက်တိုက်ခိုက်မှုများ သတိထားရန်လိုလာ By ရန်ကုန်ခေတ်သစ် - ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၊ အမေရိကန်က NDAA ဥပဒေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ဖို့ ပြင်ဆင်လာတာကို စစ်ကောင်စီက မဘသ၊ အမျိုးသားရေးနှင့် ကြံ့ဖွတ် ပါတီဝင်တွေကို လမ်းပေါ်ကို ဆွဲထုတ်ကန့်ကွက်ခဲ့ပါတယ်။ -ဒီဇင်ဘာလ ၂၈ ရက်နေ့က အမေရိကန်သံရုံး၊ ဗြိတိသျှသံရုံးနဲ့ ကုလသမဂ္ဂရုံးရှေ့တို့မှာ ၅၀၀၀ စားလို့ အများခေါ် တဲ့မဘသ၊ အမျိုးသားရေးအစွန်းရောက်နဲ့စစ်မှုထမ်းဟောင်းတွေကို လမ်းပေါ်ထွက်ဆန္ဒပြခိုင်းတာပါ။ -အဲဒီလုပ်ရပ်ဟာ စစ်တပ်က အရင်စစ်အစိုးရခေတ်တွေအတိုင်း အလိုတော်ရိနဲ့ လက်ပါးစေများကို လမ်းပေါ် ထွက်ခိုင်းကာ ဆန္ဒပြ ခြိမ်းခြောက်တာဖြစ်ပါတယ်။ -NLD အစိုးရလက်ထက်မှာလည်းဒီလိုမျိုး လမ်းပေါ်ထွက်ခိုင်းပြီးအကြမ်းဖက်မှုတွေကို ကျူးလွန်ခိုင်းနဲ့ စစ်တပ်က ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းကို ရွေးချယ်ခဲ့ပါတယ်။ -တစ်နိုင်ငံလုံး စစ်အာဏာရှင် ဆန္ဒပြလှုပ်ရှားမှုကို စစ်တပ်က ပစ်ခတ်နှိမ်နင်းနေချိန် သံရုံးဆန္ဒပြသူတွေကို စစ်တပ်က လုံခြုံရေးယူပေးတာအပြင် နောက်ကွယ်မှ စီစဉ်သူတွေဟာလည်း စစ်တပ်နဲ့ ကြံ့ဖွတ်ပဲဖြစ်ပါတယ်။ -ဆန္ဒပြပွဲ စီစဉ်သူက ထိန်လင်းဖြစ်ပြီး ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီနဲ့ အေးနေဝင်း တပည့်ဖြစ်ပါတယ်။ -အခြားတစ်ဖက်မှာလည်း ကြံ့ဖွတ်ပါတီရုံးတွေမှာ အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂကို ဆန္ဒပြမှုတွေ တစ်ချိန်တည်း လုပ်ဆောင်နေပါတယ်။ -စစ်တပ်ဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းကိုပါ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်နဲ့ တုံ့ပြန်ခြင်းဖြစ်ရာ သံရုံးတွေကို မြန်မာနိုင်ငံမှ နှင်ထုတ်ရေးလှုပ်ရှားမှုတွေကိုလည်း မြင်တွေ့လာရတာဖြစ်ပါတယ်။ -နိုင်ငံတကာအသိုင်းအ၀ိုင်းကို လျစ်လျူရှုရုံမက နိုင်ငံတကာသံရုံးနဲ့ အပြည်ပြည်ဆိုင်ရာ ရုံးတွေကိုပါ စစ်တပ်က ပစ်မှတ်ထား အကြမ်းဖက်မှုတွေ လုပ်လာနိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။