ဦးကျော်မိုးထွန်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးအဖြစ်ဒုတိယအကြိမ်ဆက်တာဝန်ယူခွင့်ရ (၂ဝ၂၂ ဒီဇင်ဘာ ၂၁ ရက်)

Video By:  Khit Thit Media Posted On:  December 21, 2022

ဦးကျော်မိုးထွန်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ဒုတိယအကြိမ် ဆက်တာဝန်ယူခွင့်ရ By ရန်ကုန်ခေတ်သစ် -မြန်မာလူထုရဲ့ တခဲနက် တောင်းဆိုမှုကြောင့် ဒီဇင်ဘာလ ၁၆ ရက်နေ့ ကုလသမဂ္ဂမျက်နှာစုံညီ အထွေထွေညီလာခံမှာ တရုတ်၊ ရုရှား တို့က ကန့်ကွက်မှုမရှိဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက် အတည် ပြုလိုက်ပါတယ်။ - စစ်ကောင်စီ ရဲ့ သံအမတ်အသစ် အဆိုပြုလွှာကို ကုလသမဂ္ဂဘက်က ဆုံးဖြတ်ခြင်းမပြုဘဲ ရွှေ့ဆိုင်းလိုက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ - မြန်မာပြည်သူတွေရဲ့ အသံကို နိုင်ငံတကာက သိအောင် ကုလသမဂ္ဂမျက်နှာစာကနေ တစ်ဆင့် ဆက်လက် အသိပေးသွားနိုင်မယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ - အကြမ်းဖက်စစ်ကောင်စီကတော့ ကုလသမဂ္ဂဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခံတာဟာ အကြမ်း ဖက်မှုကိုအားပေးတာလို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ - အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂ နှစ်အတွင်း နိုင်ငံတကာရဲ့ အသိအမှတ်ပြု မရရှိဘဲ အာဆီယံမှာလည်း အစည်းအဝေး တက်ခွင့် ပိတ်ပင်ခံ ထားရပါတယ်။ -ဒါအပြင် စစ်ကောင်စီရဲ့ သံတမန်ကိုလည်း ကုလသမဂ္ဂက လက်မခံဘဲ ငြင်းပယ်ခဲ့တာ ၂ ကြိမ်ရှိနေပြီဖြစ်ပါတယ်။ -အာဏာသိမ်း ၂ နှစ်တာကာလအတွင်းမှာ မင်းအောင်လှိုင်ဟာ နိုင်ငံတကာဆက်ဆံရေးမှာ အသိအမှတ်ပြုမှု မရဘဲ ကျရှုံး အရှက်ကွဲနေရတာလည်းဖြစ်ပါတယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi 

ShweTube, Collection of Myanmar Youtube Videos