Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ - စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ဖွားစောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို PDF တပ်ဖွဲ့က ဝင်ရောက်တိုက် ခိုက်ပြီး ဒဏ်ရာရ PDF ရဲဘော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြောင်မြို့နယ် တော်လှန်ရေးတပ် MRA တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။ - Burma Act ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ (NDAA)ကို အမေရိကန်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုလိုက်တဲ့အတွက် ကျေးဇူးတင်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့ကသဝဏ်လွှာပေးပို့ပါတယ်။ - ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို မနေ့ည ၈ နာရီ ၄၀ မိနစ်အချိန်က စတင်ပြီး ရှော့တိုက်ဒုံး ၅ လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပျောက်ကျား UG တပ်ဖွဲ့တစ်ခုက ပြောပါတယ်။ - ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ KNDF/B09 တို့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃၀ ဦးခန့် ထိခိုက်သေသွားတဲ့သတင်းအပါ အဝင်နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။