စစ်တပ်နဲ့ဝန်ကြီးဌာန တင်ဒါတွေရပြီး အောင်လင်းဒွေးရဲ့ သားသမီး ၃ ဦး ခရိုနီလက်သစ်တွေဖြစ်လာ (၂ဝ၂၂ ဒီဇင်ဘာ ၁၀ ရက်)

Video By:  Khit Thit Media Posted On:  December 10, 2022

စစ်တပ်နဲ့ဝန်ကြီးဌာန တင်ဒါတွေရပြီး အောင်လင်းဒွေးရဲ့ သားသမီး ၃ ဦး ခရိုနီလက်သစ်တွေဖြစ်လာ By ရန်ကုန်ခေတ်သစ် -စစ်ကောင်စီအတွင်းရေးမှူးအောင်လင်းဒွေးရဲ့ သားသမီ ၃ ဦးနဲ့ ဆွေမျိုးတစ်သိုက်ဟာ တပ်နဲ့ဝန်ကြီး ဌာန တင်ဒါအခွင့်ထူးခံ စီးပွားရေးအခွင့်အလမ်းတွေ သိမ်းကျုံးရယူထားတာကြောင့် ခရိုနီလက်သစ်တွေ ဖြစ်လာပါတယ်။ - အောင်လင်းဒွေးရဲ့ သားသမီးတွေဖြစ်တဲ့ လှိုင်ဘွားအောင်၊ ဖြိုးအာကာအောင်နှင့် သမီး ရွှေရည်ဖူးအောင်တို့ဟာ ကုမ္ပဏီအသီးသီးတည်ထောင်ပြီး လုပ်ပိုင်ခွင့်တွေရနေကြတာပါ။ -စစ်ကောင်စီရဲ့တင်ဒါတွေရဖို့ စီးပွားရေးသမားတွေဟာ အောင်လင်းဒွေးရဲ့ မိသားစုကုမ္ပဏီတွေဆီကပ်ကြရသလို ပွဲစားတွေကနေတဆင့် အောင်လင်းဒွေးဆီကိုလည်း လာဘ်ထိုးရတာပါ။ - ငွေကျပ်သန်း ၅၀၀ အထက် တန်ဖိုးရှိ ဝန်ကြီးဌာနတင်ဒါများကို ပုဂ္ဂလိက ကုမ္ပဏီများ မရရှိကြဘဲ မင်းအောင်လှိုင်နဲ့ အောင်လင်းဒွေးတို့ရဲ့ သားသမီးပိုင်ကုမ္ပဏီတွေသာရကြပါတယ်။ -အောင်လင်းဒွေးသား ဖြိုးအာကာအောင်ရဲ့ အောင်မြင့်မိုရ်လင်းကုမ္ပဏီဟာ ကျောက်မီးသွေး တူးဖော်ခွင့်ရရှိ ထားပါတယ်။ -လမ်းဖောက်လုပ်ရေးနဲ့ တံတားတည်ဆောက်ရေး ဝန်ကြီးဌာန တင်ဒါတွေကိုလည်း အောင်လင်းဒွေးသားသမီး ၃ ဦးက ရရှိနေကြပါတယ်။ - အောင်မြင့်မိုရ်လင်း ကုမ္ပဏီကပဲ လာမယ့် ပညာသင်နှစ်အတွက် ကျောင်းတွေမှာ ဘောပင်နဲ့ခဲတံ တင်သွင်းခွင့် တင်ဒါကို ဈေးကွက်ပေါက်ဈေးထက်ပိုတင်ထားတဲ့ နှုန်းနဲ့ ရရှိထားတာပါ။ -ဒါဟာ စျေးကွက်ပေါက်စျေးထက် နှစ်ဆ တင်ပြီး ဌာနနဲ့ ကုမ္ပဏီတွေ ဝေစားမျှစား လက်ဝါးရိုက်လုပ်စား နေကြတာဖြစ်ပါတယ်။ -အာဏာမသိမ်းခင်က မန္တလေးဆေးရုံအုပ်အဖြစ်သာရှိနေတဲ့ အောင်လင်းဒွေးညီမ စုစုဒွေးဟာ ရာထူးခုန်တက်ပြီး ညွှန်ကြားရေးမှူးချုပ်ဖြစ်လာပါတယ်။ -စစ်အုပ်စုခေါင်းဆောင်ပိုင်းဟာ နိုင်ငံ့ဘဏ္ဍာနဲ့သံယံဇာတတွေကို သားစဉ်မြေးဆက် သုံးမကုန်အောင် စိတ်ကြိုက်ချယ်လှယ်ဖို့ တိုင်းပြည်အာဏာလုယူလိုက်တာပဲဖြစ်ပါတယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi