စစ်ကောင်စီက သေဒဏ်ချမှတ် စီရင်မှုတွေကို နိုင်ငံရေးလက်နက်အဖြစ် တွင်တွင်ကျယ်ကျယ် သုံး တော့မလား (၂ဝ၂၂ ဒီဇင်ဘာ ၆ ရက်)

Video By:  Khit Thit Media Posted On:  December 06, 2022

စစ်ကောင်စီက သေဒဏ်ချမှတ် စီရင်မှုတွေကို နိုင်ငံရေးလက်နက်အဖြစ် တွင်တွင်ကျယ်ကျယ် သုံး တော့မလား By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်မှုတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ နွေဦးတော်လှန်ရေး အရွေ့ကို ဖြိုခွင်းဖို့ နိုင်ငံရေးလက်နက်တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြု လာနေပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးနဲ့ လူငယ် ၃ ဦးကို အကြမ်း ဖက်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ်တွေ အသီးသီးချမှတ်လိုက်ပါတယ်။ ဗိုလ်မှူးဟောင်း ကမ္ဘာ့ရတနာ ဘဏ်မန်နေဂျာ ပစ်သတ်ခံရမှုမှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ စစ်တရားရုံးက သေဒဏ် ချမှတ်ခဲ့တာပါ။ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အဲဒီနေ့ တစ်နေ့တည်းမှာ သေဒဏ်ချမှတ်မှု စုစုပေါင်း ၁၇ မှုရှိခဲ့ပါတယ်။ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးလုံးရော ၊ လူငယ် ၃ ဦးလုံးရော တရားခွင်မှာ ရှေ့နေငှားရမ်းခွင့်၊ ခုခံချေပခွင့် မရခဲ့ပါဘူး။ ဒါ့အပြင် သေဒဏ်ချမှတ်ခံရသူတွေရဲ့ မိသားစုဝင်တွေကိုလည်း ကျောင်းသားလူငယ်တွေရဲ့ စစ်တပ်နဲ့ ရဲတွေဘက်က လာရောက် မေးမြန်းတာတွေ လုပ်လာလို့ စိုးရမ်ပြီး တိမ်းရှောင်မှုတွေ ပြုလုပ်နေရပါတယ်။ ဒီနှစ် ဇူလိုင်လအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ အပါအဝင် တော်လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ် ချမှတ်ပြီး စီရင်ခဲ့ပါသေးတယ်။ အခုတစ်ခါ ကျောင်းသားလူငယ်တွေကို အစုလိုက် အပြုံလိုက် သေဒဏ်ချမှတ်လာတာလည်းဖြစ်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာတက်ခ်က စစ်ကောင်စီရဲ့ သေဒဏ်ချမှတ် မှုတွေအပေါ် ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ပြည်တွင်းပြည်ပမှာလည်း စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်မှုနဲ့ စီရင်မှုတွေကို ကန့် ကွက်တဲ့ လှုပ်ရှားမှု တွေကလည်း အရှိန်တက်လာနေပါတယ်။ စစ်ကောင်စီက လူငယ်တွေကို သေဒဏ်စီရင်ခြင်း နိုင်ငံရေးလက်နက်နဲ့ နွေဦးတော်လှန်ရေးကို နှိမ်နင်း ဖြိုခွဲဖို့ ကြိုးစားနေ ပေမယ့် လည်း စစ်အာဏာရှင် ချေမှုန်းရေး လှိုင်းတွေက ပိုမိုကြီးမားလာ ဖို့ပဲရှိ နေပါတယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi