“ကျွန်တော်တို့ လူငယ်တွေဟာ ကျွန်တော်တို့ အနာဂတ်အတွက် တိုက်နေတာ။ကျွန်တော်တို့အနာဂတ်မှာ ကောင်းမွန်တဲ့အစိုးရနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြနေတာ” UG နှင့် ကရင်နီပြည်နယ် ဒီမော့ဆို zone မှာ လှုပ်ရှားခဲ့တဲ့ MGF ခေါင်းဆောင် ကိုချိန်သတ္တိနှင့်တွေ့ဆုံခြင်း By ရန်ကုန်ခေတ်သစ် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်အုပ်စုဟာ နိုင်ငံ့အာဏာကို မတရားလုယူပြီးတဲ့နောက်မှာ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံဖြင့် ဆန်ကျင့်တော်လှန်နေကြပါတယ်။ အဲဒီလိုဆန့်ကျင်တော်လှန်ရာမှာ အလွှာပေါင်းစုံကပါဝင်နေကြတာကိုလည်းတွေ့ရပါတယ်။ အဲဒီထဲကမှ မြို့ပြပျောက်ကြားလှုပ်ရှားမှုနဲ့ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် zone မှာပါဝင်လှုပ်ရှားခဲ့တဲ့ ကိုချိန်သတ္တိစံ ရဲ့တော်လှန်ရေးခံယူချက်တွေ အတွေ့အကြုံတွေနဲ့ တော်လှန်ရေးမှာပါဝင်ခဲ့တာတွေ အပါအဝင်တော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ပို့ပေးမယ့် အစီအစဉ်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။