Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ - ရန်ကုန်မှာ ဧည့်စာရင်းတိုင်မယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပစ်ခတ်ရှင်းလင်းခံနေရတဲ့ အတွက်ကြောင့် ရပ်ကွက်ရုံးမှာ ဧည့်စာရင်း တိုက်ရိုက်တိုင်ခွင့်မပြု တော့ဘဲ စနစ်သစ်ပြောင်းလဲ လိုက်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တချို့ဆီကနေ သိရပါတယ်။ - ပဲခူးတိုင်း၊ တောင်ငူ-ခရိုင်၊ ထန်းတပင်-မြို့နယ် ၊ ကင်မွန်းချုံကျေးရွာက အကြမ်း ဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း အောင်ဝင်းကို နိုဝင်ဘာ၂၇ ရက်နေ့ ညနေပိုင်းမှာ ထန်းတပင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ထန်းတပင်၊ ပကဖ)ကနေ ပစ်ခတ်ရှင်းလင်းရာမှာ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်လို့ ပဲခူး PDF က ပြောပါတယ်။ - စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က မွန်းလွဲပိုင်းမှာ လှတောကျေးရွာကနေ ရွှေဘိုဘက်ကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။